DVB Logo
Home
မြန်မာသတင်း
ARSA အကြမ်းဖက်သမားများက တိုက်ခိုက်မီးရှို့မှုများ ဆက်လက်ပြုလုပ်နေ
DVB
·
September 5, 2017
ARSA အကြမ်းဖက်သမားများက တိုက်ခိုက်မီးရှို့မှုများ ဆက်လက်ပြုလုပ်နေ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မီးတိုက်ရွာ ကင်းစခန်းကို စက်တင်ဘာ ၃ ရက် ည ၁၀ နာရီလောက်က ARSA အစွန်းရောက်အကြမ်းဖက်သမား ၂၀ လောက်က လုပ်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အကြမ်းဖက်သမားတွေ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက်သမား အလောင်း ၁ လောင်းနဲ့ တူမီးသေနတ် ၁ လက်၊ ခဲသီး ၈ လုံး၊ ယမ်းဘူး ၂ ဘူး၊ ဓားကောက် ၁ လက်၊ ဓာတ်မီး ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သင်္ဘောကွေ့ကျေးရွာမှာလည်း ARSA အစွန်းရောက်အကြမ်းဖက်သမား ၃၀ ဦးလောက်နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လုပ်သေနတ် ၁ လက်နဲ့ ARSA အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၁ လောင်း ရရှိခဲ့ကာ ဖြစ်စဉ်အတွင်း အဆိုပါကျေးရွာရှိ နေအိမ် ၅၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၃ ရက် ညသန်းခေါင်မှာတော့ မောင်တောမြို့နယ် အောက်ပြူးမကျေးရွာနဲ့ ငါးခူရကျေးရွာကို ဆက်သွယ်ထားတဲ့ ငါးခူရ ဈေးထိပ်တံတားမှာ နယ်မြေရှင်းလင်းစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး နေအိမ် ၅၀ ကို မီးရှို့ဖျက်ဆီးကာ အောက်ပြူးမကျေးရွာဘက် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၄ ရက် မနက်ပိုင်းမှာ မောင်တောမြို့နယ်၊ အုန်းတော အနောက်ကျေးရွာရှိ နေအိမ် ၁၂၀ ကျော်လောက် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဇော်မတက် ကျေးရွာအုပ်စု ဒင်္ဂါးကျေးရွာမှာ နေအိမ် ၃၀ လုံး၊ ဆော်ကီးနာမကျေးရွာမှာ နေအိမ် ၅၀ လုံး၊ ဟင်္သာရကျေးရွာမှာ နေအိမ် ၁၀ လုံး စုစုပေါင်း နေအိမ် ၉၀ လုံး မီးလောင်ခဲ့ပြီး ချိန်ခါလီကျေးရွာအစွန်က နေအိမ်တလုံးမှာတော့ မီးလောင်ကျွမ်းပြီး အိမ်မှ မိုင်း ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မောင်တောမြို့ အမှတ် ၅ ရပ်ကွက်၊ MPT တာဝါတိုင်အနီး လက်လုပ်မိုင်း ၁ လုံး တွေ့ရှိခဲ့လို့ လုံခြုံရေးတွေက ရှင်းလင်းဖယ်ရှားခဲ့ရသလို သင်္ဂနက်ကျေးရွာအနီး ရွာအလယ်လမ်းနံဘေးမှာ ARSA အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်းတလုံးနဲ့ ပေါက်ကွဲပြီးသား လက်လုပ်မိုင်းတလုံးတို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013