DVB Logo
Home
မြန်မာသတင်း
တပ်မတော်က အမှုပြန်ရုပ်သိမ်းပေးလိုက်သည့်အပေါ် ဖမ်းဆီးခံသတင်းသမားများ၏ ပြောကြားချက်
DVB
·
September 1, 2017
တပ်မတော်က အမှုပြန်ရုပ်သိမ်းပေးလိုက်သည့်အပေါ် ဖမ်းဆီးခံသတင်းသမားများ၏ ပြောကြားချက်
Donate to DVB

ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင်

“သတင်းက တိတိကျကျတော့ မရသေးဘူး။ ဒါပေမယ့် နာမည်တွေကအစ ပါတယ်ပေါ့နော်။ ဘယ်လိုပုံစံမျိုးနဲ့ဆိုတာ အသေးစိတ် မဖတ်ရသေးဘူး။ လွတ်မယ်ဆိုပြီးပြောတာပဲ။ ဟိုရက်တွေက ပြောတဲ့အတိုင်းပဲ အစကတည်းက ဖမ်းကို မဖမ်းသင့်တဲ့ကိစ္စကို ဖမ်းထားတာလေ။ လွှတ်ပေးတယ်ဆိုရင်တော့ ပြောရမယ်ဆိုရင် ပျော်တယ်။ ဒါပေမယ့် ထောင်ထဲမှာ ၂ လကျော် နေခဲ့ရတယ်။ ဒါကတော့ နိုင်ငံသားတယောက်အနေနဲ့ နစ်နာမှုပေါ့။ ဘာပဲပြောပြော ပြီးခဲ့တာ တဘက်ကလည်း ဖြေလျှော့တယ်ဆိုတော့ ကျေနပ်တယ် ပြောရမလား၊ မကျေနပ်ဘူး ပြောရမလား။ ဘယ်လိုပြောရမလဲ။ ထောင်ထဲမှာ ၂ လ နေခဲ့ရတာတော့ မသင့်တော်ဘူး။ ဒါကြောင့်မို့ ပုဒ်မ ၁၇(၁) ကို အထူးသဖြင့် မီဒီယာတွေနဲ့ ပတ်သက်ပြီးတော့ စွဲမယ်ဆိုရင် သေသေချာချာ ကြောင်းကျိုးဆီလျော်စွာ လုပ်သင့်တယ်လို့ မြင်တယ်။ မီဒီယာကို ဖမ်းတယ်၊ ဆီးတယ်၊ တရားစွဲဆိုတယ်ဆိုတဲ့ ကိစ္စကတော့ နောက်နောင်ကိုလည်း မြန်မာပြည်ရဲ့ စီရင်ထုံးမှာ မရှိသင့်တဲ့ဟာ။ ရှက်စရာလည်း ကောင်းတယ်။ ဒီမိုကရေစီကို သွားတယ်ဆိုပြီးတော့ ၁၇(၁) နဲ့ စွဲတယ်ဆိုတာကလေ။”

ဒီဗွီဘီသတင်းထောက် ကိုပြည့်ဘုန်းအောင်

“တပ်မတော်က ကျနော်တို့ သတင်းမီဒီယာတွေအပေါ်မှာ စွဲထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီးတော့ပေါ့၊ သင်ပုန်းချေမယ်ဆိုတဲ့ စာသားထွက်လာတာ ကျနော်တို့လည်း အရမ်းဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဂျာနယ်လစ်ဇင်အလုပ်ဆိုတာက မှုခင်းလည်း မဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်းနဲ့ သတင်းထောက်အလုပ်ကို သတင်းထောက်လုပ်ရင်းနဲ့ ဒီလို မတရားသဖြင့် ဖမ်းတယ်ပေါ့နော်။ အခုလို တပ်မတော်က သဘောထားကြီးစွာ အလိုအလျောက် ပြန်ရုပ်သိမ်းသွားတာ အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် တခုပြောချင်တာက အဲဒီလိုမျိုးလုပ်တာကို ကြိုဆိုတယ်။ နောက်များရော ဒီလိုမျိုး ထပ်လုပ်ဦးမလားဆိုတာ စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ သတင်းသမားက သတင်းအလုပ်ကိုပဲ လုပ်ဦးမှာလေ။ အခု ကျနော်တို့ အဖမ်းခံရပြီးသွားပေမယ့် နောက်အခါကျရင် သတင်းရှိရင် ကျနော်တို့က သွားဦးမှာပဲ။ အဲဒီအတွက် နောက်နောင်ကို ဒါမျိုး မဖြစ်ရအောင်ဆို ဘယ်လို ဥပဒေတွေ၊ အကန့်အသတ်တွေ လုပ်မလဲ။ သေချာစွာ စိစစ်ပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။”

ဧရာဝတီသတင်းထောက် ဦးသိန်းဇော် (ခ) လဝီဝမ်

“ကျနော်တို့လည်း ဒီသတင်းကြားရတော့ အရမ်းပျော်တယ်ဗျ။ ဒီလိုမျိုး ဖြစ်လာမယ်လည်း မမှန်းထားဘူးလေ။ ဒါက တကယ်ကောင်းတဲ့သတင်း ဖြစ်တယ်။ နောက်ပြီးတော့ တကယ် အံ့သြတဲ့သတင်း ဖြစ်တယ်။ ကျနော်တို့နိုင်ငံက ပြောတာ ဒီမိုကရေစီဗျ။ ဒီမိုကရေစီလို့ ပြောရင် မီဒီယာက စတုတ္ထမဏ္ဍိုင်ပဲ။ မီဒီယာရဲ့ လွတ်လပ်မှုကို ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်းနဲ့ သွားရင် မီဒီယာလွတ်လပ်မှုပါ အများကြီး ဦးစားပေးရမှာ။ ထောက်ပံ့ပေးရမှာ။ အခု ကျနော်တို့ကို စွပ်စွဲထားတဲ့ ၁၇(၁) အရဆိုရင် မီဒီယာကို ခြိမ်းခြောက်လိုက်တာ။ မီဒီယာကို ခြိမ်းခြောက်လိုက်တာနဲ့ ဒီမိုကရေစီကို သွားနေတာနဲ့ လမ်းကြောင်းကို ခြိမ်းခြောက်လိုက်တဲ့ပုံစံ ဖြစ်တယ်။ မီဒီယာနဲ့ ဘယ်လိုမှ မကိုက်ညီတာကို သူတို့စွဲထားတာ။ ကျနော်တို့က သတင်းထောက်ပဲ။ အဖွဲ့နဲ့ ဆက်သွယ်ရမှာပေါ့။ ကျနော်တို့က ငွေထောက်ပံ့တဲ့သူတွေမှ မဟုတ်တာ။ သတင်းသွားယူတာ။ ဒီမိုကရေစီအတွက် ပြည်သူတွေအတွက် သိသင့်သိထိုက်တဲ့ သတင်းလေ။ ဥပမာ ပလောင်မှာ ဘာဖြစ်နေတယ်၊ ကချင်မှာ ဘာဖြစ်နေတယ်၊ ဒါ ကျနော်တို့မှာ တာဝန်ရှိတယ်။ အဲဒီအတွက် ဒီလိုလုပ်ပေးတာ တကယ်ကောင်းတဲ့လက္ခဏာ၊ ဒီမိုကရေစီလမ်းကြောင်းကို သွားမယ့် ထောက်ပံ့မယ့် အလုပ်စဉ်တခုလို့ ကျနော်က မြင်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013