DVB Logo
Home
မြန်မာသတင်း
သတင်းသမားများကို တရားစွဲရာတွင် မီဒီယာကောင်စီကို ဦးစွာတိုင်ကြားရန် တိုက်တွန်း 
DVB
·
June 27, 2019
သတင်းသမားများကို တရားစွဲရာတွင် မီဒီယာကောင်စီကို ဦးစွာတိုင်ကြားရန် တိုက်တွန်း 
Donate to DVB

တပ်မတော်အနေနဲ့ သတင်းသမားတွေကိုတရားစွဲဆိုရာမှာ သတင်းမီဒီယာဥပဒေနဲ့ သတင်းမီဒီယာကောင်စီကို ဦးစွာတိုင်ကြားပြီးမှသာ ဆောင်ရွက်ဖို့လိုတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

တပ်မတော်အနေနဲ့ သတင်းမီဒီယာတွေကို တရားစွဲမယ်ဆိုရင် သတင်းမီဒီယာဥပဒေနဲ့သာ ဆောင်ရွက်ဖို့လိုပြီး တခြားဥပဒေတွေနဲ့ လုပ်ဖို့မလိုဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး  ဦးကျော်စွာမင်းက ပြောပါတယ်။

သတင်းမီဒီယာကောင်စီဖြစ်နေတဲ့ အတွက် သတင်းမီဒီယာဥပဒေနဲ့သာ ရပ်တည်သွား မယ်လို့ ဇွန် ၂၇ ရက်က ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာဘေးကင်းလုံခြုံရေး ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

လက်ရှိအချိန် တပ်မတော်နဲ့သက်ဆိုင်တဲ့ သတင်းတွေ ရေးသားဖော်ပြတာတွေကို မလိုလားအပ်တဲ့သဘောမျိုးမှာ ရှိနေပြီး တနည်းအားဖြင့် ကန့်သတ်ထားတဲ့သဘောမျိုး ရှိနေတယ်လို့လည်း သတင်းမီဒီယာ ကောင်စီတာဝန်ရှိသူက ပြောပါတယ်။

အခုလက်ရှိ တပ်မတော်ဘက်က သတင်းသမားတွေကို စွဲတဲ့ ဥပဒေ ပုဒ်မတွေဟာ ပြောင်းပြန်သဘောမျိုးဖြစ်နေတယ်လို့   သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုပါတယ်။

သတင်းသမားတွေရဲ့ သတင်းရေးသားဖော်ပြမှုတွေဟာ တပ်မတော်ရဲ့အခွင့်အရေးကို ထိခိုက်တယ်ဆိုတဲ့ သဘောမျိုး ယူဆတာရှိသလို  သတင်းအတတ်ပညာနဲ့ စွပ်စွဲရေး သားဖော်ပြတာမျိုးတွေလို့ မှတ်ယူတဲ့သဘောမျိုး တပ်မတော်ဘက်မှာ ရှိနေတယ်လို့လည်း သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် သတင်းမီဒီယာကောင်စီအနေနဲ့ အာဏာပိုင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် သတင်းသမားတွေကို ကာကွယ်ဖို့ ၀င်ရောက်တားဆီး စွက်ဖက်လို့မရဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013