DVB Logo
Home
မြန်မာသတင်း
အမဖြစ်သူကို ကွာရှင်းသည့်ကိစ္စ မကျေနပ်သဖြင့် ယောက်ဖအား ဓားဖြင့်ထိုး
DVB
·
August 23, 2017
အမဖြစ်သူကို ကွာရှင်းသည့်ကိစ္စ မကျေနပ်သဖြင့် ယောက်ဖအား ဓားဖြင့်ထိုး
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ အုတ်ဖိုတန်းလမ်းရှိ လက်ဖက်ရည်ဆိုင်မှာ  သြဂုတ် ၂၂ ရက် ညနေ ၃ နာရီလောက်က အမဖြစ်သူကို ကွာရှင်းတဲ့ကိစ္စကိုမကျေနပ်လို့ အမရဲ့ ယောက်ျားကို မောင်ဖြစ်သူက ဓားနဲ့ထိုးမှုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ နန်းခဲရပ်ကွက် အုတ်ဖိုတန်းလမ်းရှိ ကျော်စွာမြင့် လက်ဖက်ရည်ဆိုင်မှာ သက်ဦး ၅၃ နှစ်ဟာ မိတ်ဆွေဖြစ်သူနဲ့ ထိုင်နေချိန် လင်မယားချင်းစိတ်အခန့်မသင့်တဲ့အတွက် ကွာရှင်းထားသူ ဇနီးမကြည်ကြည်ဝေ ရဲ့ မောင်ဖြစ်သူ ကိုညို က ဆိုင်ကယ်နဲ့ လက်ဖက်ရည်ဆိုင်ကို ရောက်ရှိလာပြီး သက်ဦးကို အသင့်ယူဆောင်လာတဲ့ ဓားနဲ့ အနောက်ကနေ ထိုးခဲ့ပြီး ဆိုင်ကယ်နဲ့ မောင်းနှင်ထွက်ပြေးသွားတာပါ။

သထုံမြို့မရဲစခန်းမှ ရဲအုပ်မျိုးမင်းသန်းက “ခုဓားနဲ့ အထိုးခံရသူရယ် သူ့မိန်းမရယ်က ကွာရှင်းထားတာ မကြာသေးဘူး။ ဒါကို မိန်းမဖြစ်သူရဲ့မောင်က မကျေနပ်လို့ အမယောကျာ်းကို လက်ဖက်ရည်ဆိုင်မှာ ဓားနဲ့ဝင်ထိုးသွားတာ လူနာအခြေနေကစိုးရိမ်ရလို့ ရန်ကုန်ဆေးရုံကို ပို့ထားရတယ်။ ဓားနဲ့ထိုးတဲ့သူကတော့ ထွက်ပြေးနေတဲ့အတွက် ဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်'' လို့ ပြောပါတယ်။

ဓားနဲ့ အထိုးခံရတဲ့ သက်ဦးမှာ ဝဲဘက်ဂုတ်ပိုး ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး သထုံခရိုင်ဆေးရုံကြီးကို တင်ပို့ကုသစဉ် စိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသနေရတယ်လို့ သိရပါတယ်။

သထုံမြို့မရဲစခန်းက ကိုညို (ခ) တင်အောင်ကို ရာဇသတ်ကြီးပုဒ်မ-၃၂၆ အရ အမှုဖွင့်လှစ်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013