DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာတွင် ရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ထိုးသတ် ထွက်ပြေးနေသူကို ဖမ်းမိ
DVB
·
September 8, 2016
လှိုင်သာယာတွင် ရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ထိုးသတ် ထွက်ပြေးနေသူကို ဖမ်းမိ
Donate to DVB

လှိုင်သာယာမြို့နယ်အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို ဓားနဲ့ထိုး ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး ထွက်ပြေးနေတဲ့တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ မနက်ပိုင်းက လှိုင်သာယာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာအခြေပြု အဖွဲ့တွေကို ဓားနဲ့ရန်ပြုတိုက် ခိုက်သူ ၄ ဦးကို ပြည်သူတွေနဲ့ ပူးပေါင်းကာ ပိတ်ဆို့ရှာဖွေဖမ်းဆီးရမိခဲ့တာပါ။

ဒီနေ့ မနက် ၁၂ နာရီ မိနစ် ၂၀ အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ရွာအခြေပြု အဖွဲ့တွေနဲ့အတူ လှည့်ကင်းဆောင်ရွက်နေစဉ်  န၀ဒေးအိမ်ရာအနီးလမ်းပေါ်မှာ မသင်္ကာတွေ့ရှိသူ လူငယ် ၄ ဦးကို စစ်ဆေးစဉ် ၄ ဦးအနက် တဦးက လှည့်ကင်း တာဝန်ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာအခြေပြုအဖွဲ့ဝင်တွေကို ဓားနဲ့ခုခံရန်ပြု  ထွက်ပြေးသွားခဲ့ပါတယ်။

ဓားနဲ့ခုခံရန်ပြုစဉ် နယ်ထိန်းဒုတပ်ကြပ် ရဲသီဟရဲ့ ရင်ညွန့်မှာ ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရပြီး ဒီနေ့ မနက် ၉ နာရီ မိနစ် ၂၀ မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသူများကို ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်တွေ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ရပ်ရွာအခြေပြုအဖွဲ့များ၊ ရပ်မိရပ်ဖတွေနဲ့ န၀ဒေးအိမ်ရာ လုံခြုံရေး ၀န်ထမ်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့ရာ နေ့လယ် ၂ နာရီခွဲအချိန်မှာ န၀ဒေးအိမ်ရာအနီးမှ သင်္ဃန်းကျွန်းမြို့နယ်နေ ဟန်ရှင်း (ခ) ချစ်ရင်ထူး (၂၀)နှစ်၊ အင်းစိန်မြို့နယ်နေ နေလင်းထွန်း (၃၁) နှစ်နဲ့ လှိုင်သာယာမြို့နယ်နေ ခိုင်ဇော်ဦး (၂၁)နှစ်တို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆန်းလင်းအောင်မှာ ထွက်ပြေးသွားခဲ့ပါတယ်။

ဒီနေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်မှာ ဆန်းလင်းအောင်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အငှားယာဉ်မောင်း တွေ ပူးပေါင်းပြီး န၀ဒေးအိမ်ရာအနီး ရေမြောင်းအတွင်းပုန်းအောင်နေစဉ် ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံ ဓားနဲ့အတူ ပိတ်ဆို့ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။

အမှုမှ ဒဏ်ရာရရှိသူရဲတပ်ဖွဲ့ဝင်မှာ ဆေးကုသမှုခံယူနေရာမှ ၀၉၄၀ အချိန်တွင် အင်းစိန်ဆေးရုံ၌ သေဆုံးသွားခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း(ပ)၁၉၁၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၁၁၄ မှ ၃၀၂/၁၁၄ နဲ့ ပြောင်းလဲစစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013