အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချယ်ဟာ လာမဲ့နွေရာသီ အမေရိကန် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ရဲ့ ထူးခြားချက်ဖြစ်တဲ့ "တိုက်ရိုက်ကစားကွက် (Direct Football)" နဲ့ "တည်ကန်ဘော (Set-pieces)" တွေကို အဓိကအားပြုသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်ရဲ့ ပြင်းထန်တဲ့အပူရှိန်နဲ့ ကျပ်တည်းတဲ့ ပွဲစဉ်ဇယားတွေကြောင့် လှပတဲ့ ကစားကွက်ထက် ထိရောက်တဲ့ တည်ကန်ဘောတွေ၊ ထောင့်ကန်ဘောတွေက ပိုပြီး အဆုံးအဖြတ်ပေးနိုင်မယ်လို့ တူချယ်က ယုံကြည်နေတာပါ။
ဒါကြောင့် ရှုံးထွက်ပွဲစဉ်တွေမှာ ဟာရီမက်ဂွိုင်းယား၊ ဒန်ဘန်းနဲ့ ဒက်ကလန်ရိုက်စ်တို့လို ကစားသမားတွေကို အသုံးချပြီး ပြိုင်ဘက်တွေကို ဖိအားပေးဖို့ ပြင်ဆင်နေပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲများအဖြစ် ဥရုဂွေး၊ ဂျပန်တို့နဲ့ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။










