
အင်္ဂလိပ်ဘောလုံးလောကမှာ ထောင့်ကန်ဘောနဲ့ ပြစ်ဒဏ်ဘောဆိုင်ရာ စည်းမျဉ်းသစ်တွေကို ဒီအပတ်ကစပြီး စတင်ကျင့်သုံးတော့မှာပါ။
ဒီစည်းမျဉ်းတွေဟာ အသင်းတွေရဲ့ ကစားပုံအပေါ် အပြောင်းအလဲများစွာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် တနင်္ဂနွေနေ့မှာ ကစားမဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲမှာလည်း ဒီစည်းမျဉ်းသစ်တွေ အကျုံးဝင်မှာ ဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကတော့ ဒီစည်းမျဉ်းသစ်တွေနဲ့ပတ်သက်ပြီး အသင်းအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နေတယ်လို့ ပြောကြားထားပါတယ်။
ဒီစည်းမျဉ်းတွေဟာ ထောင့်ကန်ဘောနဲ့ ပြစ်ဒဏ်ဘောတွေကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ဖို့ ရည်ရွယ်တာပါ။
ဒါကြောင့် အာဆင်နယ်အသင်းရဲ့ ကစားပုံအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။











