DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဒိုက်ဦးတောင်သူများ ဆန္ဒထုတ်ဖော် (ဓာတ်ပုံ)
DVB
·
July 31, 2017
သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဒိုက်ဦးတောင်သူများ ဆန္ဒထုတ်ဖော် (ဓာတ်ပုံ)
1 / 6
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိဖို့ တောင်သူ ၁၀၀ လောက် ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြနေကြပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန၊ မြို့နယ်တရားရုံး၊ မြို့နယ်ဥပဒေရုံးနဲ့ မြို့နယ်သစ်တောဦးစီးရုံးတို့ရှေ့မှာ ဆန္ဒထုတ်ဖော်နေကြတာပါ။

ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးထွန်းမင်းအောင်က “ဆင်ဇလုတ်ကျေးရွာ အုပ်စု ရန်ကုန်-မန္တလေးမိုင်တိုင် ၆၉/၆ အောက်က ညင်မြောင်သစ်တောကြိုးဝိုင်း အမှတ် ၁ မှ ၁၄ ထဲမှာ ၂၀၀၅-၂၀၀၆ ခုနှစ်က လယ်ယာမဲ့တောင်သူတွေကို ပဲခူးတိုင်း စပါးတင်း ၃၀ ပြည့်မီရေးအတွက် စပါးတွေစိုက်ပျိုးစေလို့ လုပ်ကိုင်တယ်။ ကျနော်တို့တောင်သူတွေအနေနဲ့ မိုးကို သီးစားအမိန့်စာကို တစ်ဆောင်လျှင် ၂၀၀၀ ကျပ်ပေးဆောင်ပြီး လုပ်ကိုင်ခဲ့ကြတာပါ။ ခုနောင်ပိုင်းမှာ တောင်သူတွေ လုပ်ကိုင်နေတဲ့မြေကို စစ်ဗျူဟာမှူးက အဓမ္မသိမ်းပြီးတောင်သူတွေကို တရားစွဲဆိုနေတာကြောင့် ဆန္ဒထုတ်ဖော်ရတာ” လို့ ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013