DVB Logo
Home
မြန်မာသတင်း
သည်းခံနိုင်စွမ်းမရှိတဲ့အဆင့်ရောက်သွားပြီ၊ မဘသ ဆိုင်းဘုတ်များကို အသက်နဲ့လဲကာကွယ်မည် - ဝီရသူ
DVB
·
July 16, 2017
သည်းခံနိုင်စွမ်းမရှိတဲ့အဆင့်ရောက်သွားပြီ၊ မဘသ ဆိုင်းဘုတ်များကို အသက်နဲ့လဲကာကွယ်မည် - ဝီရသူ
Donate to DVB

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်တွေကို ဖြုတ်ချသွားမှာမဟုတ်ဘဲ အသက်နဲ့လဲ ကာကွယ်သွားမယ်လို့ ဆရာတော် ဝီရသူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ မိန့်ကြားလိုက်ပါတယ်။

တနိုင်ငံလုံးက မဘသ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့၊ မဘသ နာမည်ကို မသုံးဖို့ သံဃ မဟာနာယက အဖွဲ့က ညွှန်ကြားထားတဲ့ နောက်ဆုံးရက်မှာ အခုလို ပြောဆိုလိုက်တာပါ။

“အရင့်အရင်တုန်းက သည်းခံနိုင်ခဲ့သော်လည်း ဒီတခါတော့ သည်းခံဖို့ မသင့်တော့ဘူးလို့ ဆုံးဖြတ်ထားပြီး မဘသ ဆိုင်းဘုတ်များကို အသက်နဲ့လဲပြီး ကာကွယ်သွားမှာပါ။ မဘသ ဆိုင်းဘုတ်များ ပြိုလဲသွားရင် ဘာသာ သာသနာလည်း ပျောက်ကွယ်သွားမှာပါ။ မဘသ အဖွဲ့ကြီး ဖြိုခွင်းခံလိုက်ရရင် တမျိုးသားလုံးလည်း အန္တရာယ် ကျရောက်နိုင်ပါတယ်။”

မဘသအဖွဲ့ကို ဖြိုခွင်းရင် တနိုင်ငံလုံးက သံဃာနဲ့ ပြည်သူတွေ အုံကြွကာ အာဏာပြန်သိမ်းတာ ဖြစ်လာနိုင်ပြီး ဒီလို အာဏာသိမ်းတာဟာ အစိုးရအနေနဲ့ ကိုယ့်ရဲ ညံ့ဖျင်းတာကို ဖုံးကွယ်ပြီး မဘသကြောင့်လို့ မစွပ်စွဲဖို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီအစိုးရအနေဖြင့် ပြည်သူတွေ ဆင်းရဲဒုက္ခဆက်မရောက်စေဖို့ ဦးနုလို အာဏာလွှဲပေးဖို့လည်း ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

“အန်အယ်လ်ဒီ အစိုးရ မနိုင်မနင်းနဲ့ ဒီတိုင်းပဲ ဆက်သွားမယ်ဆိုရင် ပြည်သူလူထုတွေဟာ ဒီ့ထက်ပိုပြီး ဆင်းရဲတွင်း နက်ပါလိမ့်မယ်။ အဲဒါကြောင့် ပွင့်ပွင့်လင်းလင်း ကိုယ်အသုံးမကျရင် မကျဘူး၊ မစွမ်းနိုင်ရင် မစွမ်းနိုင်ဘူး တိုးတက်အောင် လုပ်မပေးနိုင်ရင် ကုန်ဈေးနှုန်းကို မထိန်းနိုင်ရင် ပွင့်ပွင့်လင်းလင်း ဝန်ခံပြီးတော့ ဟို ဝန်ကြီးချုပ်ဟောင်း ဦးနု လက်ထက်ကလို ရိုးရိုးသားသားပဲ စွမ်းနိုင်မယ့်သူတွေ၊ စွမ်းနိုင်တယ်လို့ ထင်ရတဲ့သူတွေ၊ စွမ်းနိုင်တယ်လို့ ယုံကြည်ရတဲ့သူတွေကို လွှဲပြောင်း ပေးလိုက်ပါ။”

မဘသဦးဆောင်ဆရာတော်တွေအနေနဲ့ ဒီနာမည်ကို ဆက်မသုံးဖို့၊ ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့ နိုင်ငံတော် သံဃမဟာနာယကဆရာတော်တွေဆီမှာ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနာမည်ကို ဆက်သုံးမယ့်အကြောင်း ကရင်ပြည်နယ် မဘသအဖွဲ့က ကြေညာခဲ့ပြီး ဆိုင်းဘုတ်တွေ မဖြုတ်သေးသလို မန္တလေးမှာလည်း ဆိုင်းဘုတ်တွေ မဖြုတ်သေးပါဘူး။

ဒါနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “ နိုင်ငံပိုင် သတင်းစာမှာ ထုတ်ပြန်ထားတဲ့အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒီဟာကိုတော့ တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ် ခင်ဗျ။ အဆင့်တွေတော့ အများကြီးရှိပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရက အကောင်အထည်ဖော်ရမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရုပ်သံ - ဦးဝီရသူ ဖေ့ဘုတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013