
အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်နွှယ်ပြီး လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ် ၇ ယောက်နဲ့ အဖွဲ့အစည်း ၃ ခု ကို ဥရောပသမဂ္ဂ (EU) က ဇူလိုင် ၃၀ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။
ဒီထဲမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ်အနီးက ငွေလိမ်လုပ်ငန်းတွေကို အကာအကွယ်ပေးထားတဲ့ ဒီမိုကရက်တစ် ကရင့်အကျိုးပြုတပ်မတော် (DKBA) နဲ့ ခေါင်းဆောင်ပိုင်း ၅ ယောက်လည်း ပါဝင်လာပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ကာကွယ်ပေးတာ၊ ကူညီပံ့ပိုးပေးတယ်ဆိုတဲ့ စွဲချက်တွေနဲ့ DKBA ဗိုလ်ချုပ်ကြီး စောစတီး (နာယက)၊ ဗိုလ်ချုပ်ကြီး စောရွှေဝ၊ ဗိုလ်ချုပ် စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှနဲ့ စောအယ်လဲထူး တို့ကို EU က အရေးယူခဲ့တာ ဖြစ်ပါတယ်။
စောအယ်လဲထူးက လွဲပြီး ကျန် ၄ ယောက်ဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်ကတည်းက အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်ခံထားရပြီးသူတွေ ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု ခံထားရသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို DVB ရဲ့ Myanmar Sanctions Monitor Dashboard မှာ အချိန်နဲ့တပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Dashboard အား ဝင်ရောက်ကြည့်ရှုရန် - https://burmese.dvb.no/sanctions










