DVB Logo
Home
မြန်မာသတင်း
သတင်းသမားများကို ဖမ်းဆီးအဆက်အသွယ်ဖြတ်တောက်ထားမှု ဥပဒေနှင့်မညီဟု ဦးဉာဏ်ဝင်းပြော (ရုပ်သံ)
DVB
·
June 28, 2017
သတင်းသမားများကို ဖမ်းဆီးအဆက်အသွယ်ဖြတ်တောက်ထားမှု ဥပဒေနှင့်မညီဟု ဦးဉာဏ်ဝင်းပြော (ရုပ်သံ)
Donate to DVB

သတင်းသမား ၃ဦးကို စစ်တပ်က ၂၄ နာရီကျော်ကြာ ဖမ်းဆီးထိမ်းသိမ်းထားပြီး ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတာဟာ ဥပဒေနဲ့ မညီဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အတွင်းရေးမှူးအဖွဲ့ဝင်  ဦးဉာဏ်ဝင်းကပြောပါတယ်။

ဒီဗွီဘီသတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းထောက်၁ ဦးတို့ကို တပ်မတော် စစ်ကြောင်းက  ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး   ဦးဉာဏ်ဝင်း ကို ဒီဗွီဘီက  တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

မေးမြန်းချက်အပြည့်အစုံ

ဒီဗွီဘီသတင်းဌာနက သတင်းထောက် ၂ ဦးနဲ့ ဧရာဝတီသတင်းဌာနက ၁ ဦး စုပေါင်း ၃ ဦး ကို တပ်မတော်ကနေပြီးတော့ ထိန်းသိမ်းထားတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်လို့ အန်ကယ့်ရဲ့ အမြင်လေးကို အရင်ဆုံးပြောပြပေးပါခင်ဗျာ။

“ပထမတချက် ကျနော်ပြောချင်တာက ကျနော်တို့ ဒီသတင်းတွေ့တယ်။ အဲဒီမှာ တပ်ကဖမ်းတယ်လို့ အဲဒီလိုရေးထားတယ်။ တပ်ကဖမ်းခွင့်လည်းမရှိဘူး။ ဒါပထမအဲလိုတော့ ပြောချင်တယ်။ နောက်တခုက သူတို့က  ပလောင်ဒေသကနေပြန်လာတယ်။ ပလောင်ဒေသဆိုတာပလောင်က လက်နက်ကိုင်တပ်ဖွဲ့ရှိတယ်။  လက်နက်ကိုင်တပ်ဖွဲ့ရှိတော့ ဒါတွေက တရားမ၀င်အဖွဲ့အစည်းပဲ။ ဥပဒေ သဘောအရဆိုရင် အဲဒီလိုဆက်သွယ်တာဟာ ဥပဒေအရ ညှိစွန်းနေမယ်လို့ထင်တယ်။ ဒါပေမယ့်လို့ အခုလောလောဆယ် သူတို့ကို   ဘယ်ဥပဒေ ဘယ်ပုဒ်မတွေနဲ့ အရေးယူတယ်ဆိုတာတော့ ကျနော်လည်းမသိဘူး။ ဒါပေမယ့်လို့ unlawful association နဲ့ဆက်သွယ်ရင်တော့ ပုဒ်မ ၁၇ ၁-၂ က အခုထိ ဥပဒေရှိပါတယ်။  ဒါလည်း သတိထားကြဖို့လိုတယ်ပေါ့။အဲဒါပြောချင်တယ်။”

နောက်တခုက တပ်မတော်က ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်တယ်ပေါ့နော်။ အခုဆိုရင် ၂၄ နာရီကျော်လွန်ပြီးတော့ ၄၈ နာရီလည်းပြည့်ခါနီးနေပြီ။ ဒီအချိန်ထိ မိခင်သတင်းဌာန ၂ ခုလုံးက သူတို့တွေဘယ်မှာဆိုတာ တိတိကျကျ မသိရသေးဘူး။ ဘယ်လိုမှ စုံစမ်းလို့မရသေးဘူး။    

“ဒါကကော ကျနော်တို့ လူ့အခွင့်အရေးရှုထောင့်အနေနဲ့ ဒါက လူ့အခွင့်အရေးတင်မဟုတ်ဘူး။ ဥပဒေနဲ့ကို မညီဘူး။ ကျနော်တို့ ဥပဒေအရအရေးယူတယ်ဆိုတာ ဘယ်သူ့ကိုမဆို အရေးပါ။ ဘယ်အကြောင်းအရာမဆို ညှိစွန်းတယ်ထင်ရင် အရေးယူပါ။ သို့သော်ဥပဒေအရ အခွင့်အရေးတော့ပေးရမယ်။ ဒီလိုအဆက်ဖြတ်တာမျိုးလုပ်ဖို့ ကျနော်တို့ဥပဒေမှာ ပြဌာန်းချက်မရှိဘူး။ အဲဒါကို ပြောချင်တယ်။ ”

အခုလိုမျိုး သတင်းသမားတွေ မကြာခဏ အဖမ်းဆီးခံရတယ်။ အရေးယူခံရတယ်။ သတင်းလွတ်လပ်ခွင့်ရှုထောင့်အနေနဲ့ရော ဘယ်လို သုံးသပ်ချင်ပါသလဲ။

သတင်းအနေနဲ့တော့ ကျနော်သိပ်ပြောစရာမရှိဘူးလို့ ထင်တယ်။ နောက်တချက်က သတင်းယူတာနဲ့ပတ်သက်ပြီး ကျနော်သိပ်မသိဘူး။  သိပ်မသိဘူးဆိုတာ အခု ပလောင်နဲ့ဘယ်လို ဆက်သွယ်ပြီးတော့ ဘာပွဲလဲဘာညာ ကျနော်မသိဘူး။အဲတော့ အဲဒါနဲ့ပတ်သက်ရင်တော့ ကျနော် သိပ်မပြောနိုင်ဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013