DVB Logo
Home
မြန်မာသတင်း
အခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်ပါဝင်ရန်လိုအပ်ဟု ဦးဉာဏ်ဝင်းပြော
DVB
·
April 20, 2017
အခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်ပါဝင်ရန်လိုအပ်ဟု ဦးဉာဏ်ဝင်းပြော
Donate to DVB

နိုင်ငံရေးဆွေးနွေးပွဲတွေကရလာတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော် အနေနဲ့လည်း ကူညီပါဝင်ဖို့ လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

နိုင်ငံတော် သမ္မတရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ အစိုးရအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တရပ် ပေါ်ပေါက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာ လုပ်ငန်း သဘောသဘာဝအရ အလွန်နူးညံ့ သိမ်မွေ့တဲ့အတွက်ကြောင့် သတိကြီးစွာနဲ့ အစစအရာရာမှာ အထူးသတိထား ဆောင်ရွက်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ အခြေခံ ဥပဒေတရပ်လုံးကို အသစ်ရေးဆွဲတယ်လို့ မဆိုလိုဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

လက်ရှိမှာလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးစားနေပေမယ့် အချိန်မကျသေးလို့ ပြောပြလို့ မရသေးဘူးလို့ လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013