DVB Logo
Home
မြန်မာသတင်း
လွှတ်တော်သစ်အကြီးအကဲ တာဝန်ယူမည့်သူများ အန်အယ်လ်ဒီ ထုတ်ဖော်ပြောဆို
DVB
·
January 21, 2016
လွှတ်တော်သစ်အကြီးအကဲ တာဝန်ယူမည့်သူများ အန်အယ်လ်ဒီ ထုတ်ဖော်ပြောဆို
Donate to DVB

လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်မယ့် ဒုတိယအကြိမ် လွှတ်တော်အသစ်အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၂နေရာနဲ့ ဒုဥက္ကဋ္ဌ ၂ နေရာစာအတွက် အမည်စာရင်းတင်သွင်းဖို့ ရွေးချယ်ထားရာမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ ဦးစားပေးပါဝင်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူက ဆိုပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာနဲ့၊ ကရင်ပြည်နယ် မြ၀တီမြို့နယ် မဲဆန္ဒနယ်မြေ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာ အတွက် ရွေးချယ်ထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက AFP သတင်းဌာနကို ပြောကြားလိုက်တာပါ။

ဒါ့အပြင် လွှတ်တော်နှစ်ရပ်အတွက် ဒုတိယဥက္ကဋ္ဌ နေရာတွေကို ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် တယောက်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ကချင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တယောက်တို့ကို လျာထားတယ်လို့လည်း သိရပါတယ်။ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်များအနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စတင်မယ့် ဒုတိယအကြိမ်လွှတ်တော်မှာ ဆန္ဒမဲ အဆုံးအဖြတ် ခံယူရဦးမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013