DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် နမ့်ဆန်နှင့် ကွတ်ခိုင်တွင် ရက်ဆက်ပြီး တိုက်ပွဲဖြစ်ပွား
DVB
·
June 25, 2017
ရှမ်းပြည်နယ် နမ့်ဆန်နှင့် ကွတ်ခိုင်တွင် ရက်ဆက်ပြီး တိုက်ပွဲဖြစ်ပွား
Donate to DVB

 

ရှမ်းပြည်နယ် နမ့်ဆန်နဲ့ ကွတ်ခိုင်ဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းတပ်မတော်တို့ တိုက်ပွဲငယ်တွေ ဆက်တိုက်ဆိုသလို ဖြစ်နေလို့ ဒေသခံတွေ ရှောင်တိမ်းနေရပါတယ်။

ဇွန် ၂၃ ရက်နေ့က နမ့်ဆန်မြို့နယ်၊ မန်လန်းရွာနားမှာပဲ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့တာပါ။ မန်လန်းရွာ ဒေသခံ ကိုမိုးကျော်က  “ မနေ့က အထိဖြစ်နေတာ။ မနေ့က ဆိုရင် အောက်မန်လွယ်ရွာကနေ လက်နက်ကြီးနဲ့ ရွာထဲကိုပစ်လို့ အိမ်တချို့ ပျက်သွားတယ်။ လူတော့ အထိအခိုက် မရှိဘူး” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရွာက တတ်နိုင်တဲ့သူတွေက မြို့ပေါ်ကို ပြောင်းရွှေ့နေကြသလို အနားမှာ ရှိတဲ့ နမ့်လင်းရွာကိုလည်း ပြောင်းရွှေ့နေထိုင်နေကြပါတယ်။

“ သူတို့တပ်ချင်းတွေ့ရင်လည်း နာရီဝက်၊ တစ်နာရီလောက် တိုက်ပြီးရင် ပြီးသွားတတ်တယ်။ ခုတော့ ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ စုထားတယ်။ မြန်မာတပ်ဘက်က အိမ်တွေကို ဝင်စစ်မယ်လို့ ကြားနေတယ်” လို့ မန်လန်း ဒေသခံ တစ်ယောက်က ပြောပါတယ်။

အလားတူပဲ ကွတ်ခိုင်ဝန်းကျင်မှာလည်း မြန်မာ့တပ်မတော်နဲ့ တအာင်းတပ်မတော်တို့ တိုက်ပွဲငယ်တွေ ဆက်တိုက်ဆိုသလို ဖြစ်နေတယ်လို့  ငေါ့ငါးရွာ ဒေသခံတစ်ယောက်ကပြောပါတယ်။

“ ၂၁ ရက်နေ့ မနက် ၁၀ နာရီကျော်ကနေ ၁၂ နာရီလောက် အထိ ဖြစ်တယ်။ ရွာပြင်မှာပဲ ဖြစ်တာ။ ရွာသားတွေကတော့ တိုက်ပွဲက အနောက်ဘက်မှာ ဖြစ်ရင် အရှေ့ဘက်ကို ခဏ ရှောင်နေပြီး ပြန်လာတာပဲ။ ၂၁ ရက်နေ့ကပဲ နားခိုက်ရွာနားမှာ ထပ်ဖြစ်သေးတယ်။  ဒီနေ့တော့ ကွတ်ခိုင် အပြင်ဘက် ပန်ကူ နားမွန်း ရွာနားမှာ ထပ်ဖြစ်နေတယ်။ လက်နက်ကြီးတွေပစ်တယ်” လို့ ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013