DVB Logo
Home
နိုင်ငံတကာ
လှိုင်းကြီး လေထန်ပြီး ထိုင်းငါးဖမ်းလှေတိမ်းမှောက် ၃ ဦးသေဆုံး၊ ၄ ဦး ပျောက်ဆုံး
DVB
·
September 22, 2026
Photo: ThaiPBS News
Photo: ThaiPBS News
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဆတ်တဟိပ်မြို့နယ်ရှိ ပင်လယ်ပြင်မှာ စက်တင်ဘာ ၂၁ ရက် ညက လှိုင်းကြီး လေထန်တာကြောင့်  ငါးဖမ်းလှေတစင်း တိမ်းမှောက်ပြီး လတ်တလော လူ ၁၃ ယောက်သာ ကယ်ဆယ်ထားနိုင်ကာ ၃ ယောက် သေဆုံး၊ ၄ ယောက် ပျောက်ဆုံးနေဆဲပဲလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

“ဆော်ကန်ကျနဝါရီ ၈၈၈” အမည်ရှိ ပုဂ္ဂလိကပိုင် ငါးဖမ်းလှေတစင်းဟာ မနေ့ည ၁၀ နာရီလောက်က ဆတ်တဟိပ်မြို့နယ် ဆမဲဆာန်ရေလက်ကြားအနီး ပင်လယ်ပြင်မှာ လှိုင်းပုပ်ခံရပြီး တိမ်းမှောက်သွားကြောင်း အနီးရှိ နုမာန်ချိုင်းဝါးရီးလှေက တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။ 

အဆိုပါ ငါးဖမ်းလှေပေါ်မှာ လှေဦးစီးနဲ့ ရေလုပ်သားတွေပါ  အယောက် ၂၀ လိုက်ပါသွားပြီး အနီးအနားရှိ စက်လှေတွေရော အမှတ် ၁ ရေတပ်က ကယ်ဆယ်ရေးအဖွဲ့တွေပါ တညလုံး ကူညီကယ်ဆယ်ရေး လုပ်ခဲ့ကြတယ်။ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းထိ လှေပေါ်ပါသူ ၁၃ ယောက်သာ ကယ်တင်နိုင်ပြီး ၇ ယောက် ပျောက်ဆုံးနေတယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။ 

ငါးဖမ်းလှေ တိမ်းမှောက်နေရာမှာ ဆမဲဆန်ကမ်းခြေကနေ ရေလမ်းခရီး ၄ နာရီမှ ၅ နာရီအကြာ သွားရပြီး ဆမဲဆာန်ပင်လယ်ကွေ့နဲ့ ပရကျုပ်ခီရီခန်ခရိုင်ကြားမှာ တည်ရှိတယ်။ ဘယ်အဖွဲ့အစည်းရဲ့ စုံစမ်းစစ်ဆေးခွင့်နယ်မြေတွင်းမှာရှိလဲ ဆိုတာတော့ စိစစ်နေတယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။

နောက်ဆက်တွဲ အခြေအနေနဲ့ ပတ်သက်ပြီး ချွန်းပူးရီးဒေသတွင်းသတင်းမှာတော့ ပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ဖို့ အမှတ် ၁ ရေတပ်ဌာနချုပ်က ရေငုပ်သင်္ဘောနဲ့ ရဟတ်ယာဉ်တစင်း စေလွှတ်ခဲ့တာမှာ ပျောက်ဆုံးသူ ၇ ယောက်ထဲက ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ့ရှိထားပြီး ကျန် ၄ ယောက်ကို အရှိန်အဟုန်မြှင့် ဆက်လက်ရှာဖွေနေပါတယ်။ 

သေဆုံးသူ ၃ ယောက်ထဲက တယောက်ဟာ လှေဦးစီး (ပဲ့နင်း)ဖြစ်သူ နိုင်းဝိချိုင်းမအင်း (၄၇ နှစ်) ဖြစ်ပြီး ကျန်သူတွေရဲ့ အသေးစိတ်အချက်အလက်နဲ့ လှေမှောက်ရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေဆဲလို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source:  ThaiPBS News / ချွန်းပူးရီးသတင်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013