DVB Logo
Home
မြန်မာသတင်း
မဘသဆိုင်းဘုတ်များ ဇူလိုင်လနောက်ဆုံးထားဖြုတ်သိမ်းရန် သံဃမဟာနာယကအဖွဲ့ကြေညာ
DVB
·
May 23, 2017
မဘသဆိုင်းဘုတ်များ ဇူလိုင်လနောက်ဆုံးထားဖြုတ်သိမ်းရန် သံဃမဟာနာယကအဖွဲ့ကြေညာ
Donate to DVB

 

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဟာ တရားမဝင် အဖွဲ့အစည်းဖြစ်တဲ့အတွက်  မဘသအမည် မသုံးစွဲဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အထူးအစည်းအဝေးပွဲတွေကနေ ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အမည်ခံ ပုဂ္ဂိုလ်များ၊ တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ မဘသအမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုကြဖို့  ဆုံးဖြတ်လိုက်တယ်လို့ မဟနအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာပြည်အနှံ့အပြား စိုက်ထူထားတဲ့ မဘသအဖွဲ့ ဆိုင်းဘုတ်များကို ၂၀၁၇ ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီး အပြီးအပိုင် ဖြုတ်သိမ်းဖို့၊ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူဖို့လည်း ဆုံးဖြတ်ချက်မှာ ပါရှိပါတယ်။

အထက်ပါဆုံးဖြတ်ချက်အတိုင်း  ပြည်ထဲရေးဌာနက အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ လည်း တိုက်တွန်းထားပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မဘသ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်)၊ မဘသ ဒု-ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ အပါအ၀င် ၁၆ပါးက ခံဝန်လက်မှတ်ထိုးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013