DVB Logo
Home
မြန်မာသတင်း
မဘသအ​ပေါ် မဟုတ်မမှန်စွပ်​စွဲ​ပြောဆို​မှုများကို ဓမ္မရက္ခိတအဖွဲ့က အရေးယူသွားမည်
DVB
·
May 16, 2017
မဘသအ​ပေါ် မဟုတ်မမှန်စွပ်​စွဲ​ပြောဆို​မှုများကို ဓမ္မရက္ခိတအဖွဲ့က အရေးယူသွားမည်
Donate to DVB

 

မဘသအဖွဲ့အပေါ် မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့တာတွေကို လက်ရှိအချိန်မှာ ပြန်လည်တုံ့ပြန်သွားမှာ မဟုတ်ပေမယ့် နောင်တချိန်မှာတော့ မဘသအဖွဲ့အောက်က ဓမ္မရက္ခိတအဖွဲ့က စွပ်စွဲပြောဆိုမှုတွေကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ဓမ္မရက္ခိတအဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်က ပြောပါတယ်။

ရန်ကုန် အင်းစိန်မြို့နယ် ရွာမစာသင်တိုက်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသဗဟိုမှာ  မေလ ၁၆ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံ သတင်းစာရှင်းလင်းပြေကြားလိုက်တာဖြစ်ပါတယ်။

မေလ ၉ ရက် ညပိုင်းက ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ  ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မဘသအဖွဲ့က ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ လည်း မဘသ အဖွဲ့က ဦးဆောင်ဆရာတော်တွေက သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆို မိန့်ကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013