DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ပို့စ်များ ကြိုဖတ်ရန် လစဉ် ဒေါ်လာ ၁ သိန်းပေးသည့် ကုမ္ပဏီ ၁၀ ခုကျော်ရှိ
DVB
·
August 12, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ Truth Social လူမှုကွန်ရက် ပို့စ်တွေကို စျေးကွက်ထဲက တခြားသူတွေထက် စောစောသိနိုင်ဖို့အတွက် ကုမ္ပဏီ ၁၀ ခုကျော်က တလကို အမေရိကန်ဒေါ်လာ တသိန်းအထိ ပေးဆောင်နေကြပါတယ်။

Trump Media ကုမ္ပဏီက Truth API လို့အမည်ရတဲ့ ဒီဝန်ဆောင်မှုကို သြဂုတ်လဆန်းပိုင်းမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုဟာ လူမှုကွန်ရက်ပေါ်က သြဇာလွှမ်းမိုးမှုရှိတဲ့ အကောင့်တွေရဲ့ ပို့စ်တွေကို ဝေါလ်စထရိ ကုန်သည်တွေ အရင်ဆုံး မြင်တွေ့နိုင်အောင် ပံ့ပိုးပေးထားတာပါ။

အစောပိုင်း ဖောက်သည်အများစုဟာ High-frequency trading (HFT) ကုမ္ပဏီတွေဖြစ်ကြပြီး တလကို အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ကနေ ၁ သိန်းအထိ ပေးဆောင်နေကြတယ်လို့ ယာယီအမှုဆောင်အရာရှိချုပ် ကီဗင် မက်ဂန်းက ပြောပါတယ်။

ထရမ့်ပ်ဟာ သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ စျေးကွက်ကို ဂယက်ရိုက်စေနိုင်တဲ့ ကြေညာချက်တွေ မကြာခဏတင်လေ့ရှိတာကြောင့် ဒီဝန်ဆောင်မှုက ရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာအရောင်းအဝယ်မှာ အားသာချက်တွေ ရစေနိုင်ပါတယ်။

ဒါပေမဲ့ သမ္မတရဲ့ မိသားစုက Trump Media ရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတာကြောင့် သမ္မတ တယောက်ရဲ့ အများပြည်သူဆိုင်ရာ ပြောဆိုချက်တွေကနေတဆင့် အကျိုးအမြတ်ရှာသင့်၊ မရှာသင့်ဆိုတဲ့ ဥပဒေနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

သြဂုတ် ၁၀ ရက်က ထုတ်ပြန်တဲ့ ဝင်ငွေရှင်းတမ်းအရ ကုမ္ပဏီဟာ ဧပြီလကနေ ဇွန်လအထိ ကာလမှာ အမေရိကန်ဒေါ်လာ ၂၃၈ သန်း အရှုံးပေါ်ခဲ့ပြီး ဒါဟာ မနှစ်က အလားတူကာလထက်စာရင် ၁၀ ဆကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

10x Research က သုံးသပ်သူ မားကပ်စ် သီလန် ကတော့ Trump Media ဟာ မီဒီယာကုမ္ပဏီတခု ပုံစံ အရေခြုံထားတဲ့ ခရစ်ပတိုလုပ်ငန်းစုတခု ပိုဆန်နေပြီး အရှုံးပေါ်မှု အများစုဟာ အဲဒီကနေ လာတာလို့ ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာတော့ ကုမ္ပဏီအနေနဲ့ အရှုံးပေါ်နေတဲ့ ခရစ်ပတိုလုပ်ငန်းတွေကနေ လူမှုမီဒီယာလုပ်ငန်းတွေ ဘက်ကို ပြန်လည်အာရုံစိုက်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013