
မန်ယူအသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ပိုင်ဆိုင်မှုဟာ စတာလင်ပေါင် ၂ ဘီလီယံနီးပါး ထပ်မံ လျော့ကျသွားလို့ ဗြိတိန်အချမ်းသာဆုံးစာရင်းမှာ အဆင့် ၉ နေရာအထိ ကျဆင်းသွားပါတယ်။
သူ့ရဲ့ Ineos လုပ်ငန်းစုဟာ အကြွေးတွေတက်ပြီး ဝင်ငွေကျလာတာကြောင့် ၃ နှစ်ဆက်တိုက် ဓနဥစ္စာ လျော့ကျလာတာဖြစ်ပြီး လက်ရှိမှာ ပေါင် ၁၅ ဒသမ ၁၉၄ ဘီလီယံပဲ ကြွယ်ဝပါတော့တယ်။
ရက်ကလစ်ဖ်ဟာ မန်ယူအသင်းမှာ အသုံးစရိတ်ချွေတာဖို့ ဝန်ထမ်းအင်အား လျှော့ချခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ သူဟာ ယူနိုက်တက်အတွက် နည်းပြသစ် ဆုံးဖြတ်ရမှာဖြစ်ပြီး အသင်း တာဝန်ရှိသူ တွေဘက်ကတော့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ကိုပဲ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ အကြံပြုထားကြပါတယ်။
Photo:Reuters










