
အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်လ်ဟာ ခရိုအေးရှားကို (၄-၂) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် ဓာတ်ပုံ ဆရာတွေကြောင့် ဒေါသထွက်ခဲ့ပါတယ်။
ဓာတ်ပုံဆရာတွေက သူ့ကစားသမားတွေ နိုင်ငံတော်သီချင်းဆိုတာကို ကွယ်နေလို့ မမြင်ရတာ ကြောင့် မကျေမနပ်ဖြစ်ခဲ့တာပါ။
ဒီအတွက် FIFA က စည်းမျဥ်းအသစ် ပြောင်းလဲပေးခဲ့ပေမဲ့ နည်းပြတူချယ်လ်ကတော့ သူ့ရဲ့ နည်းပြခုံနေရာကနေ ရွှေ့ပြောင်းရမယ်ဆိုရင် လက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။
နည်းပြ တူချယ်လ်က ဓာတ်ပုံဆရာ ၅၀ လောက်က သူ့ရှေ့မှာ ကပ်ရပ်ကြီးရှိနေလို့ ကစားသမား တယောက်ကိုတောင် မမြင်ရဘူးလို့ ပြောပါတယ်။
ဒီအဖြစ်အပျက်က သူ့ရဲ့ပွဲအတွေ့အကြုံကို နည်းနည်းပျက်စီးစေတယ်လိုလည်း ဆိုပါတယ်။ ဒါ့အပြင် အမေရိကန် NFL ကွင်းတွေရဲ့ နေရာအကျယ်အဝန်း အကန့်အသတ်တွေကြောင့် ဒီလိုပြဿနာတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters











