
ပီရူးအာဏာပိုင်တွေဟာ သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါး ၉ ဒသမ ၃ တန်ကျော်ကို ဩဂုတ် ၂၁ ရက်က မီးရှို့ဖျက်ဆီးလိုက်ပြီး ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၂၆ ခုနှစ်အတွင်း ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးမှုလို့ ဆိုပါတယ်။
အမျိုးသားရဲတပ်ဖွဲ့ကမူးယစ်ဆေးဝါးနှိမ်နင်းရေး စီးနင်းမှုတွေအတွင်း သိမ်းဆည်းရမိခဲ့တာတွေထဲမှာ ဆေးခြောက် ၄,၅၁၉ ကီလိုဂရမ် (၉,၉၆၁ ပေါင်)၊ ကိုကင်း ၃,၄၆၅ ကီလိုဂရမ် (၇,၆၃၉ ပေါင်) နဲ့ ကိုကင်းအခြေခံဆေး ၇၆၀ ကီလိုဂရမ် (၁,၆၇၆ ပေါင်) တို့ ပါဝင်ပါတယ်။
ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာတော့ ပြည်ထဲရေး ဒုဝန်ကြီး ဆီဇာဂျော်ဒန် ဘရစ်ဂနိုလီ ကိုယ်တိုင် လီမာမြို့မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုကို ကြီးကြပ်နေတာတွေ့ရပါတယ်။
အလုပ်သမားတွေ မူးယစ်ဆေးဝါးအိတ်တွေကို မီးသင်္ဂြိုဟ်စက်တွေထဲ မထည့်ခင် ပညာရှင်တွေကလည်း စစ်ဆေးနေတာကိုလည်း တွေ့ရပါတယ်။
ဘရစ်ဂနိုလီကတော့ ဒါဟာ မူးယစ်ဆေးတွေကို ဖျက်ဆီးတာတင်မကဘဲ ဒုစရိုက်ဂိုဏ်းတွေရဲ့ တရားမဝင် ပစ္စည်းတွေကို သိမ်းပိုက်ပြီး တရားမဝင်လုပ်ငန်းတွေကို ရန်ပုံငွေထောက်ပံ့ပေးနေတဲ့ အမြတ်အစွန်း လမ်းကြောင်းကို ဖြတ်တောက်လိုက်တာဖြစ်လို့ သူတို့ကို တိုက်ရိုက်ထိအောင် ထိုးနှက်လိုက်တာပဲလို့ ပြောပါတယ်။
Source:Reuters











