DVB Logo
Home
မြန်မာသတင်း
၁၅၀၀ စီစီကားများကစပြီး အခွန် ၂၀ ရာခိုင်နှုန်းကောက်ရန် အကြံပြု
DVB
·
February 13, 2017
၁၅၀၀ စီစီကားများကစပြီး အခွန် ၂၀ ရာခိုင်နှုန်းကောက်ရန် အကြံပြု
Donate to DVB

 

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းမှာ ၂၀၀၀ CC အထိ ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်နဲ့ ၀က်ဂွန်(Eatate Wagon)ကားတွေ၊ ကူပေး(Coupe)ကားတွေကို အခွန် ၂၀ ရာခိုင်နှုန်း၊ ၂၀၀၀ CC အထက်မှ ၃၀၀၀ CC အထိ ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်နဲ့ ၀က်ဂွန်(Eatate Wagon)ကားတွေ၊ ကူပေး(Coupe)ကားတွေ ကို အခွန် ၂၅ ရာခိုင်နှုန်း၊ ၃၀၀၀ CC အထက်မှ ၄၀၀၀ CC အထိ ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်နဲ့ ၀က်ဂွန် (Eatate Wagon)ကားတွေ၊ ကူပေး(Coupe)ကားတွေကို အခွန် ၃၀ ရာခိုင်နှုန်းကောက်ဖို့ တင်သွင်းထားတာပါ။

ဒါနဲ့ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီက Double Cab 4 Door Pickup မှအပ ၁၅၀၁ CC မှ ၂၀၀၀ CC အထိ ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်နဲ့ ၀က်ဂွန်(Eatate Wagon)ကားတွေ၊ ကူပေး(Coupe)ကားတွေကို အခွန် ၂၀ ရာခိုင်နှုန်း၊ Double Cab 4 Door Pickup မှအပ ၂၀၀၁ CC မှ ၅၀၀၀ CC အထိ ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်နဲ့ ၀က်ဂွန်(Eatate Wagon)ကားတွေ၊ ကူပေး(Coupe)ကားတွေကို အခွန် ၃၀ ရာခိုင်နှုန်း၊ Double Cab 4 Door Pickup မှအပ ၅၀၀၁ CC အထက် ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်နဲ့ ၀က်ဂွန်(Eatate Wagon) ကားတွေ၊ ကူပေး(Coupe)ကားတွေကို အခွန် ၅၀ ရာခိုင်နှုန်းကောက်ဖို့ အကြံပြုတာဖြစ်ပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလကုန်အထိ မော်တော်ယာဉ်တွေ ၀ယ်ယူတင်သွင်းခြင်းအပေါ်ကနေ ကျပ် သန်း ၄၁၆၈၆ ဒသမ ၈၃၇ သန်း ကောက်ခံရရှိခဲ့တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013