DVB Logo
Home
မြန်မာသတင်း
iPhone ဒီဇိုင်းများကို သုံးစွဲတည်ဆောက်ထားသည့် Apple ကုမ္ပဏီရုံးချုပ်သစ် (ရုပ်သံ)
DVB
·
February 8, 2017
iPhone ဒီဇိုင်းများကို သုံးစွဲတည်ဆောက်ထားသည့် Apple  ကုမ္ပဏီရုံးချုပ်သစ် (ရုပ်သံ)
Donate to DVB

အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple ကုမ္ပဏီက ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနို Cupertino မြို့မှာ ရုံးချုပ်သစ်ကို တည်ဆောက်နေတာ အချောသတ်နေပြီ ဖြစ်ပါတယ်။

ဒီရုံးချုပ်သစ်ရဲ့ဒီဇိုင်းဟာ အာကာသယာဉ်ကြီးတစီးနဲ့ ဆင်ဆင်တူတဲ့အတွက် အမေရိကန်နည်းပညာ မြို့တော် စီလီကွန် ဗလ်လီ Silicon Valley မှာတော့ အာကာသယာဉ်ရုံးချုပ်လို့ပဲ အလွယ် ခေါ်ဆိုကြတာပါ။

ဒီရုံးချုပ်သစ်ကို Apple ကုမ္ပဏီကို ထူထောင်သူ CEO Steve Jobs ကို ဂုဏ်ပြုတည်ဆောက်တာ ဖြစ်ပြီး အဆောက်အဦးဒီဇိုင်းကိုလည်း သူ မကွယ်လွန်ခင် သူကိုယ်တိုင်ပဲ ကြီးကြပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရုံးချုပ်သစ်ရဲ့ အတွင်းပိုင်းပစ္စည်းတွေကိုလည်း Apple ရဲ့ အအောင်မြင်ဆုံး ထုတ်ကုန်ဖြစ်တဲ့ iPhone ဒီဇိုင်းတွေကို ပြန်လည် သုံးစွဲတည်ဆောက်ထားတာပါ။

Apple ၀န်ထမ်းတွေရဲ့အဆိုအရ ရုံးချုပ်သစ်ရဲ့စက်လှေကား ခလုတ်တွေကို iPhone တွေရဲ့ Home Button ကို ဒီဇိုင်းယူတပ်ဆင်ထားပြီး သန့်စင်ခန်းတွေကိုလည်း iPhone တွေရဲ့ ဒီဇိုင်း အနားလုံး လေးထောင့်ခန်းတွေ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

ဒီရုံးချုပ်သစ်ကို Apple Campus 2 အမည်ပေးထားပြီး ဒီရုံးချပ်သစ်တည်ဆောက်မယ့် အစီအစဉ်ကို လည်း Steve Jobs ၂၀၁၁ ခုနှစ်က မကွယ်လွန်ခင် ၂ လလောက်မှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ဒီရုံးချုပ်သစ်မှာ Apple ၀န်ထမ်း ၁၂၀၀၀ ကျော် အလုပ်လုပ်ကြမှာဖြစ်ပြီး နောက်ထုတ်မယ့် Apple ကုန်ပစ္စည်းသစ်တွေကိုလည်း ဒီရုံးချုပ်မှာပဲ ဒီဇိုင်းထုတ်၊ ထုတ်လုပ်သွားကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013