DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ ရဲစခန်း၊ ဥပဒေရုံးနှင့် တရားရုံးများ ဥပဓိရုပ်မကောင်း ဟောင်းနွမ်းလွန်းနေ
DVB
·
January 27, 2017
ရန်ကုန်ရှိ ရဲစခန်း၊ ဥပဒေရုံးနှင့် တရားရုံးများ ဥပဓိရုပ်မကောင်း ဟောင်းနွမ်းလွန်းနေ
1 / 4
Donate to DVB

ရန်ကုန်တိုင်းထဲမှာရှိတဲ့ ရဲစခန်း၊ ဥပဒေရုံးနဲ့ တရားရုံးအများစုဟာ ဥပဓိရုပ်မကောင်း ဟောင်းနွမ်းလွန်း နေတယ်လို့ ကွင်းဆင်းလေ့လာနေတဲ့ တိုင်းလွှတ်တော်ကော်မတီအဖွဲ့ဝင် ဦးရန်အောင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေး ဥပဒေစိုးမိုးရေးနှင့်တိုင်စာများ အသနားခံစာများစိစစ်ရေး ကော်မတီဟာ တရားရုံး၊ ဥပဒေရုံးနဲ့ ရဲစခန်းတွေကို ကွင်းဆင်းလေ့လာတဲ့ အစီစဉ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လက စတင်ခဲ့ပြီး အခုရက်ပိုင်းမှာလည်း ဆက်လက်လေ့လာနေကြတာ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က “ရုံးတွေက တော်တော်လေးကို အရှိန်အညှော်ကင်းမဲ့နေတာ တွေ့ရတယ်ဗျ၊ဥပဓိရုပ် မကောင်းတော့ဘူး။ ဥပဓိရုပ် မကောင်းတော့တဲ့အပြင် ကလီစာတွေလည်း မကောင်းတာ တွေ့ရတယ်ဗျ။ ဥပမာအားဖြင့် တရားခွင် တွေ အရမ်းကျဉ်းတယ်ဗျာ။ ကျဉ်းတဲ့အပြင် အဲ့ဒီမှာ သုံးတဲ့ လက်နှိပ်စက်တွေက အန်းတိတ်တွေဗျ။ အရမ်း ဟောင်းနွမ်းနေတဲ့ အနေအထား တွေ့ရတယ်ဗျ။”

အဓိက ဘတ်ဂျက်မလုံလောက်တဲ့အတွက် ရုံးနဲ့ ရုံးပစ္စည်းတွေ ဟောင်းနွမ်းနေတာဖြစ်ပြီး အများစု ဖြစ်တယ်လို့လည်း ပြောပါတယ်။


ရန်ကုန်တိုင်းဒေသကြီးထဲက တရားရုံးတွေ တရားဥပဒေစိုးမိုးရေးကို ကွင်းဆင်းလေ့လာတဲ့ အစီအစဉ်ရဲ့ နောက်ဆုံးနေ့အနေနဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး ဥပဒေရုံးနဲ့ မြို့နယ်ရဲစခန်းတွေကို ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက “တရားရုံးတွေရဲ့ အားနည်းချက်၊ အားသာချက်၊ လိုအပ်ချက်၊ ဖြည့်ဆည်းပေးရမယ့် အချက်တွေကို ကွင်းဆင်းလေ့လာ ညှိနှိုင်းကြတာပါ။ ဒီနေ့ဆို ၄၄ မြို့နယ်လုံး ပြီးပါပြီ။ လေ့လာတွေ့ရှိချက်တွေကို အစီရင်ခံစာပြုစုပြီး လာမယ့် တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြမှာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013