
ဟန်ဂေရီနိုင်ငံမှာ ဧပြီ ၁၂ ရက်ကကျင်းပတဲ့ ရွေးကောက်ပွဲကို အီးယူ၊ ရုရှားနဲ့ အမေရိကန်တို့က အနီးကပ် စောင့်ကြည့်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဒီရွေးကောက်ပွဲဟာ ဟန်ဂေရီမှာ ၁၆ နှစ်ကြာ အာဏာရှိခဲ့တဲ့ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ လွှမ်းမိုးထားမှု အဆုံးသတ်နိုင်ဖွယ်လည်း ရှိပါတယ်။
ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အမေရိကန် အပါအဝင် လက်ယာယိမ်းတွေရဲ့ ဥရောပမှာ အားကောင်းလာမှုနဲ့ ရုရှားနိုင်ငံတို့အတွက်လည်း ရိုက်ခတ်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
အော်ဘန်ဟာ ဥရောပက လက်ခံတဲ့ အမျိုးသားရေးဝါဒီတယောက်ဖြစ်ပြီး လစ်ဘရယ်ဒီမိုကရေစီ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမေရိကန်လူမျိုးကောင်းစားရေးဝါဒလိုပဲ ဥရောပမှာ လူမျိုးရေး ဦးစားပေးသူ ဖြစ်ပါတယ်။
ဒါပေမဲ့ ဟန်ဂေရီအများစုဟာ အသက် ၆၂ နှစ်အရွယ်ရှိ အော်ဘန်ရဲ့ အစိုးရအဖွဲ့ကို စိတ်ပျက်မှုတွေ တိုးလာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
၃ နှစ်ကြာ စီးပွားရေး တိုးတက်မှုမရှိတာ၊ နေထိုင်စရိတ်တွေ ကြီးမြင့်လာတာနဲ့ အစိုးရအဖွဲ့က ချမ်းသာကြွယ်ဝမှု တိုးလာတာကို စိတ်ပျက်နေတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ပါလီမန်အမှတ် ၁၉၉ နေရာအတွက် မဲပေး ရွေးချယ်ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်က မဲပေးသူတွေအကြိုက်ကို ရွေးချယ်တဲ့ နမူနာရွေးချယ်မှုမှာ ပြိုင်ဘက် တီဆာပါတီက ရာခိုင်နှုန်းအနည်းငယ်နဲ့ အသာရခဲ့ပါတယ်။
ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်ဟာ ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့နဲ့လည်း ရင်းနှီးပါတယ်။
ဒါ့အပြင် ဟန်ဂေရီနိုင်ငံမှာ ဒီမိုကရေစီစံနှုန်းတွေ လျော့ကျလာမှု၊ မီဒီယာလွတ်လပ်ခွင့်တို့ အားနည်းလာမှုတွေ ဖြစ်နေတာကြောင့် ဒီရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေကလည်း အလေးပေး စောင့်ကြည့်နေကြပါတယ်။
Source: Reuters










