DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်၏ ပထမဆုံး စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်ပွဲ ကျင်းပမည်
DVB
·
January 26, 2017
ချင်းပြည်နယ်၏ ပထမဆုံး စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်ပွဲ ကျင်းပမည်
Donate to DVB

ချင်းပြည်နယ်ရဲ့ ပထမဆုံး စိုက်ပျိုးရေးသိပံ္ပကျောင်း (လုံပီး) ကို လာမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကိုယ်တိုင် လာရောက်ပြီး တရားဝင်ဖွင့်လှစ်ပေးဖို့ ရှိနေပါတယ်။

ဖလမ်းမြို့ မြို့သစ်စီမံကိန်း ဧရိယာအတွင်း တည်ရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းကို မနှစ်ကတည်းက ဖွင့်ထားတာဖြစ်ပေမယ့် တရားဝင်အနေနဲ့ ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဒါဒ်လျံအုပ်က ပြောပါတယ်။

တီးတိန်မြို့မှ ဦးမိုက်ကယ်က “ကျနော်တို့ တောင်ပေါ်သားတွေ မွေးရာပါကျွမ်းကျင်တာက စိုက်ပျိုးမွေးမြူရေးပါ၊ ဒီစိုက်ပျိုးမွေးမြူရေးကို သေသေချာချာ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ရင် အရင်းနည်းနည်းနဲ့ အမြတ်အစွန်း အများကြီးကို ရနိုင်မှာဖြစ်တယ်” လို့ ပြောပါတယ်။

စိုက်ပျိုးရေးသိပံ္ပကျောင်း (လုံပီး) ကို ၂၀၁၆ နိုဝင်ဘာလမှ ကျောင်းစတင်ဖွင့်လှစ် သင်ကြားပေးနေရာမှာ ကျောင်းသူကျောင်းသား ၁၄၀ ကျော် တက်ရောက် ပညာသင်ကြားနေကြပါတယ်။

ကျောင်းသားတွေဟာ ၃ နှစ်ကြာ ပညာသင်ယူပြီးနောက် စိုက်ပျိုးရေး ဒီပလိုမာဘွဲ့ ရရှိကြမှာ ဖြစ်ပါတယ်။

သတင်း - ဆလိုင်းလာလ်နွန်အုပ်

(ဓာတ်ပုံ- Pu Dar facebook)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013