DVB Logo
Home
မြန်မာသတင်း
ရှမ်းလက်နက်ကိုင်အဖွဲ့နှင့် မြန်မာ့တပ်မတော် ပစ်ခတ်မှုဖြစ်ပွား
DVB
·
January 20, 2017
ရှမ်းလက်နက်ကိုင်အဖွဲ့နှင့် မြန်မာ့တပ်မတော် ပစ်ခတ်မှုဖြစ်ပွား
Donate to DVB

 

တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA)နဲ့ မြန်မာ့တပ်မတော်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

မနေ့ မနက် ၆ နာရီကျော်က ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းပွန်မြို့နယ် နောင်လေးရွာအနီး တောအုပ်ထဲမှာ ပုံမှန်လှုပ်ရှားသွားလာစဉ် ဆီဆိုင်အခြေစိုက် ခမရ ၄၂၉ လက်အောက်ခံတပ်ဖွဲ့တွေ ကလာရောက်ဝိုင်းထားလို့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ အာစီအက်စ်အက်စ် ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့တပ်ဘက်က အဲဒီမှာ ပုံမှန်သွားလာနေတာပါ။ အဲဒါ အစိုးရတပ်ဘက်က အကြောင်း မကြားဘဲ အဲဒီဘက်ရောက်လာပြီး ကျနော်တို့ကို လာဝိုင်းလို့ ပြန်ပစ်ပြီး ဖောက်ထွက်ခဲ့တယ်။ တိုက်ပွဲဖြစ်တာ သိပ်မကြာပါဘူး။  ကျနော်တို့ဘက်က ကျဆုံးဒဏ်ရာရတာ မရှိဘူး။ ကျောပိုးအိတ် ၂ လုံးဘဲ ဆုံးတယ်။”

RCSS/SSA နဲ့ မြန်မာ့တပ်မတော် ခလရ ၉၄ လက်အောက်ခံတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လ ၁၆ ရက်နေ့ ကလည်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် လိုင်းဆတ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။  

တိကျတဲ့ နယ်မြေကန့်သတ်မှုတွေ မရှိသေးတာကြောင့် နှစ်ဖက်တပ်တွေအကြား ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေတာဖြစ်ပြီး အခုလို ထိတွေ့မှုတွေ မကြာခဏဖြစ်ပွားနေမယ်ဆိုရင် အားလုံးက လိုလားနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013