DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မဟာမုနိဘုရားရှေးမူမပျက် လုပ်ဆောင်နေသည့်အပေါ် ဘုရားဂေါပကတချို့ ကန့်ကွက်
DVB
·
January 17, 2017
ကျောက်တော်မဟာမုနိဘုရားရှေးမူမပျက် လုပ်ဆောင်နေသည့်အပေါ် ဘုရားဂေါပကတချို့ ကန့်ကွက်
Donate to DVB

 

အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရားတဆူဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မဟာမုနိ ဘုရားရှေးမူမပျက် လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ ကျောက်တော်ဂေါပကတချို့က ကန့်ကွက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားကိုယ်လုံးတော်ပေါ်မှာ စလွယ်သိုင်းတာတွေ၊ လက်ဝတ်ရတနာတွေ၊ နားတောင်း ဝတ်ဆင် ထားတာတွေ၊ နတ်ဝတ်တန်ဆာတွေ၊ ဘုရင်အသုံးအဆောင်တွေနဲ့ ပြည့်နှက်နေလို့ ပြည်သူဆန္ဒနဲ့ ဖြုတ်ချဖို့ ဇန်နဝါရီ ၁ ရက်နေ့က ဆုံးဖြတ်လိုက်ကြတာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိဘုရားပေါ်မှာကိုယ်ပေါ်မှာ စလွယ်သိုင်းထားတွေ၊ နားတောင်းဝတ်ဆင်ထား တွေကို ကျောက်တော်ဂါပကအချို့မဖြုတ်ပေးဘူးလို့ ပြောဆိုလိုက်ခြင်းအပေါ် ဒေသခံတွေက ပြန်ပြီးတော့ ကန့်ကွက်နေတာပါ။

ကျောက်တော်မြို့မိမြို့ဖဖြစ်တဲ့ ဦးမောင်ထွန်းခင်က “အခုက နည်းနည်းပါးပါး ရွှေတွေခွာချလို့ပြီးပြီ၊ ဒါပေမယ့် အများကြီးကျန်နေပါသေးတယ်။ ဥပမာ ဘုရားပေါ်က မင်းဝတ်တန်ဆာဝတ်ဆင်ထားတဲ့ စလွယ်သိုင်းထားကို ဖြုတ်ပေးဖို့၊ နောက်တခါ နားတောင်းဝတ်ထားတာတွေ အဲ့ဒါတွေဖြုတ်ပေးဖို့ အပါအဝင် တောင်းဆိုတာပါ။ စစ်အစိုးရလက်ထက်ကတည်းက အဲ့ဒီတွေဝတ်ဆင်တာ။အခု ကျနော်တို့ဖြစ်စေချင်တာ ရှေ့မှုမပျက်ဘဲ မူရင်းအတိုင်း မဟာမုနိဘုရားဖူးမျှော်ချင်တယ်။ ကျနော်တို့ ဒါကို ဘုရားပေါ်ဂေါပကတချို့ စလွယ်သိုင်းတွေမဖြုတ်ပေးဘူးလို့ ပြောတယ်။ အဲ့ဒါတွေ မပါဘူးလို့ ပြောတယ်။”

မဟာမုနိဘုရားပေါ်က တောင်းဆိုချက်တွေ ရှေ့မူမပျက်ဘဲ ဆက်လက်ခွာချပေးဖို့ မနက်ဖြန် ဆန္ဒထုတ်ဖော်မှု တရပ်ကို ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ မုနိမြေသန့်ရှင်းရေးအသင်းမှ ဥက္ကဋ္ဌ ကိုအောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ ဖြစ်စေချင်တာအလုပ်တခါတည်း လုပ်စေချင်တယ်။ နောက်တခါ ဒီလိုအခြေအနေဖြစ်ဖို့ ဆိုတာ မလွယ်တော့ဘူး။ ဒါကြောင့် ဒီစလွယ်သိုင်းထားတွေ၊ နားတောင်းဝတ်ဆင်ထားတွေ တခါ တည်းဖြုတ်စေချင်တယ်။ ဒါမှ ရှေးမူအတိုင်းဖြစ်မှာလေ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း အများ သဘောတူတယ် ဆိုရင် ဒါကိုဖြုတ် ပေးဖို့ပြောတယ်။ ရှင်းရှင်းပြောရင်သူတို့ အာဏာတည်မြဲရေး၊ နေရာတွေကိုဖယ်ရမှာစိုးရိမ်လို့ ဒါကိုမဖြုတ် စေချင်တာ ဒီလိုပဲသုံးသပ်တယ်။ တောင်းဆိုချက်အတိုင်း လုပ်ပေးဖို့နဲ့ ကျနော်တို့ ဆန္ဒထုတ်ဖော်သွားပါ့မယ်။”

ဘရားကိုယ်ပေါ်မှာ စလွယ်သိုင်းထားတာတွေ၊ နားတောင်းဝတ်ဆင်ထားတွေကို အထက်အမိန့်ရ မဖြုတ်ဘူးလို့ ကျောက်တော်မဟာမုနိဘုရားဂါပကဥက္ကဋ္ဌ ဦးညိုသာလှ ပြောပါတယ်။

“ကျနော်တို့ နာယက ၁၀ ဦးနဲ့ဆုံးဖြတ်ချက်ချတာပါ။ ကျနောတို့ ဘုရားပေါ်မှာ စလွဲသိုင်းထားတွေ မဖြုတ်ဘူး။ နောက်ပြီး နားတောင်းဝတ်ဆင်ထားတာတွေ မဖြုတ်ဘူး။ အထက်ကအမိန့်အရ ကျနော်တို့ မဖြုတ်ခိုင်းဘူး။ ပြည်သူလူထုဆန္ဒနဲ့လည်း ကျနော်တို့ မဖြုတ်ဘူး။ အထက်အမိန့်နဲ့ ဒါကို စလွယ်သိုင်း ထားတာကို ဖြုတ်လိုက်ဆိုရင်တော့ ဖြုတ်မယ်။ အထက်ကအမိန့်ဆိုတာ ဝန်ကြီးချုပ်ကိုပြောတာပါ။ ကျနော်နာယကအဖွဲ့ဝင် ၁၀ ဦးစတင်တဲ့အခါ ပြည်ထောင်စုဝန်ကြီးကလာပြီးတော့ ပြောတာက ရွှေမောက်နေတာတွေကို ဖယ်ရှားလိုက်ပါ။ စလွဲသိုင်းထားတာကိုဖြုတ်လို့ မပါဘူး။ ဒါကြောင့် စလွယ်သိုင်းထားတာကို မဖြုတ်ဘဲ ထားတာပါ။”

ဘုရားကိုယ်ပေါ်မှာဖြုတ်လို့ ရရှိထားတဲ့တွေကိုတော့ လက်ရှိအချိန်မှာ မဟာမုနိဘုရားပေါ်က မီးခံသေတ္တာမှာ စနစ်တကျ သိမ်းဆည်းထားပြီး ဘုရားပေါ်က ရွှေတွေကိုဆက်လက်ခွာချနေတယ်လို့ သူက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးကျော်အေးသိန်း ရောက်ရှိလာပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် မဟာမုနိဂေါပကအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ၊ ရှေးဟောင်း သုတေသနဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုမှာ မဟာမုနိဘုရားပေါ်မှာ ရွှေတွေကိုခွာချဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျောက်တော်မဟာမုနိဘုရားမှာ ရွှေပြား၊ ရွှေသင်္ကန်း ကပ်မှုတွေကြောင့် လက်မောင်းတော်ကြီး ထွားလာတာ ဗိုက်တွေ ဖောင်းလာတာ။ ရင်ဘက်တော်တွေ မို့လာတာတွေ ဖြစ်ပေါ်ခဲ့ပြီး၊ လက်ရှိအချိန်ထိတော့ ပြီးစီးနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013