DVB Logo
Home
မြန်မာသတင်း
မဟာမုနိဘုရားကြီး ထီးတော်တင်နေစဉ် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ နှလုံးဖောက်ကွယ်လွန်
DVB
·
January 31, 2026
မဟာမုနိဘုရားကြီး ထီးတော်တင်နေစဉ် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ နှလုံးဖောက်ကွယ်လွန်
Donate to DVB

မန္တလေးမြို့၊ မဟာမုနိဘုရားကြီးရဲ့ ရွှေထီးတော် ဘုံခြောက်ဆင့် တင်လှူပူဇော်ပွဲ ကျင်းပနေတုန်း ဇန်နဝါရီ ၃၁ ရက် ဒီမနက်မှာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းဟာ နှလုံးဖောက်ပြီး သေဆုံးကွယ်လွန်သွားတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေနဲ့ မြို့ခံသတင်းသမားတွေဆီက သိရပါတယ်။

မန္တလေးမြို့ခံတယောက်က “မနက်က အရေးပေါ်ကားတွေ ဝင်သွားတာတွေ့တယ်။ ဘုရားကြီးဝင်းထဲကို ဝင်သွားတာ။ ဘာဖြစ်လို့လဲ စုံစမ်းကြည့်တော့ ဦးမြဝင်း ဆုံးသွားတာတဲ့။ သူက နှလုံးစက်တပ်ထားရတာလေ” လို့ ပြောပါတယ်။

ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ မဟာမုနိဘုရားကြီးရဲ့ ထီးတော်တင်လှူပွဲ အခမ်းအနားကို ဒီကနေ့ မနက် ၆ နာရီ ၅၂ မိနစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြဝင်းဟာ အဲဒီအခမ်းအနားမှာပဲ နှလုံးရောဂါအခံနဲ့ အမောဖောက် သေဆုံးခဲ့တာလို့ သိရပါတယ်။

ဦးမြဝင်းဟာ အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး နှလုံးရောဂါရှိတာကြောင့် နှလုံးမှာ စက်တပ်ထားရသူဖြစ်တယ်လို့လည်း နီးစပ်သူတွေဆီက သိရပါတယ်။

ဦးမြဝင်းရဲ့ ရုပ်အလောင်းကို လက်ရှိမှာ ဒေါနဘွားရပ်က နေအိမ်ကိုပို့ဆောင်ထားပြီး သင်္ဂြိုလ်မဲ့ အစီအစဉ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013