အသစ်ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းစနစ်သစ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်း (ဓာတ်ပုံ)
DVB
·
January 14, 2017

1 / 8
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ဇန်န၀ါရီ ၁၆ ရက်နေ့ စတင်အသစ်ပြေးဆွဲမယ့် ဘတ်စ်ကားလိုင်းစနစ်သစ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တာဖြစ်ပြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း တက်ရောက်ခဲ့ပါတယ်။
ရန်ကုန်အစိုးရက နှစ်ပေါင်း ၅၀ ကျော်ကြာသက်တမ်းရှိတဲ့ မထသ အဖွဲ့ကို ဇန်န၀ါရီ ၁၅ ရက်မှာ အပြီးဖျက်သိမ်းပြီး အများပိုင်ဘတ်စ်ကားလိုင်းတွေနဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့ စတင်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အိမမမွန်










