DVB Logo
Home
မြန်မာသတင်း
အကြိမ်ကြိမ်တရားစွဲခံနေရသည့် တောင်သူမိသားစု တရားမျှတမှုရရေး သတင်းစာရှင်းလင်း
DVB
·
December 22, 2017
အကြိမ်ကြိမ်တရားစွဲခံနေရသည့် တောင်သူမိသားစု တရားမျှတမှုရရေး သတင်းစာရှင်းလင်း
Donate to DVB

မြိတ်မြို့နယ်၊ ၀န်မယ်ကျေးရွာရှိ မတရားသဖြင့် အကြိမ်ကြိမ်တရားစွဲခံနေရတဲ့ တောင် သူမိသားစုကိစ္စမှာ တရားရုံးက မြေပြင်အခြေနေကို နားမလည်ခြင်းကြောင့်ဖြစ်တယ်လို့ တောင်သူလယ်သမားကိုယ်လှယ်က ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်ကစတင်ပြီး ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ တရားရုံးမှာ တရားစွဲခံနေရတဲ့အပြင် ထောင်ဒဏ်လည်းကျခံပြီးဖြစ်တဲ့ တောင်သူမိသားစုမှာ မတရားခံနေရတယ်လို့ဆိုပြီး တောင်သူလယ်သမားကိုယ်စားလှယ်၊ ဒေသခံတွေနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲကို ၀န်မယ်ကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

“ကျနော်တို့ မြေယာကော်မတီကို လာတိုင်တော့ ကျနော်အပါအ၀င် အဖွဲ့က သွားရောက်ကွင်းဆင်း စိစစ်ပေးရတယ်။ အထောက်အထားကို ကြည့်လိုက်တော့ ဒီမြေက ဦးမန်အင်ပိုင်တဲ့ မြေနေရာဖြစ်နေတယ်။ တဖက်က တရားလိုလုပ်ထားတဲ့ ဦးဇေယျာလင်းက ရော်ဘာအပင်တန်း ၄ တန်းလောက်အထိ ပြန်ပြီးကျူးကျော်ထားတာပါ။ တရားရုံးမှာလည်း ကျနော်တယောက်တည်း မဟုတ်ဘူး။ တဖွဲ့လုံးထွက်ဆိုခဲ့ဖူးတယ်။ ရော်ဘာပင်တွေ မီးဟပ်ထားတယ်ဆိုပြီး တရားစွဲတယ်။ အမှန်က ဒီအပင်တွေ မသေခဲ့ဘူး။ အကုန် ရှင်နေပါတယ်။ တရားသူကြီးတွေက မြေပြင်ကို ဆင်းမကြည့်ဘဲ လုပ်သွားကြတာ။ အရင်အုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့သူတွေကလည်း မြေပြင်ကိုသွားမကြည့်ဘူး။ တရားလိုပြောတဲ့အတိုင်း လက်မှတ်ထိုးပေးလိုက်တော့ ခံရတဲ့သူက အများကြီး နစ်နာသွားတယ်” လို့ ပင်းအိုကျေးရွာအုပ်စု တောင်သူလယ်သမားကိုယ်စားလှယ် ဦးဇော်မင်းထွေးကပြောပါတယ်။
ပင်းအိုကျေးရွာ ကျေးတိုင်ပြင်မှာရှိတဲ့မြေဧက ၂၃ ဒသမ ၉၄ ဧက အတွင်းရှိ ၁ ဒသမ ၅၅ ဧက (ဦးမန်အင်ပိုင်) မှာ အငြင်းပွားနေ ခြင်းဖြစ်ပြီး ရော်ဘာပင်တွေ ဆုံးရှုံးခြင်းမရှိသလို ပိုင်နက်ကျူးလွန်ခြင်းလည်း မဟုတ်ဘဲ မတရားခံနေရတဲ့အတွက် ရပ်မိရပ်ဖတွေကလည်း လာရောက်ရှင်းလင်းပြောကြားခဲ့ပါတယ်။
“ကျနော်တရားရုံးကို ဒီအကြောင်းတွေ အကြိမ်ကြိမ်သွားရောက် သက်သေခံခဲ့ပြီးပြီ။ ဘာမှဖျက်ဆီးတာလည်းမဟုတ်ဘူး။ ဒီမြေက ဦးမန်အင်ပိုင်တဲ့မြေ ဦးဇေယျာလင်းကတောင် ပြန်ကျူးကျော်ပြီး ရော်ဘာပင်တွေ ၀င်စိုက်ထားတာ ကျနော်ကိုယ်တိုင်ခွဲဝေရောင်းချပေးထားတဲ့ မြေဖြစ်တယ်။ ဦးမန်အင်တို့ဝယ်ယူထားတာ ၂၃ နှစ်ရှိပြီ။ ဦးဇေယျာလင်းတို့က နောက်မှ ဥယျာဉ်အနီးကို ရောက်လာတာ။ ငွေများတရားနိုင်ဖြစ်နေတဲ့ကိစ္စကို အဖိုးမခံနိုင်ဘူး။ အခုတရားလိုလုပ်ထားတဲ့ ဦးဇေယျာလင်းရဲ့ဇနီးဆိုတာ အဖိုးရဲ့သမီးတော်စပ်ပါတယ်။ ဒါပေမယ့် မှန်တဲ့ဘက်က အဖိုးပြောတာပါ။ ဦးမန်အင်တို့ဆိုတာ ဘာသာခြားတွေပါ။ မတရားခံနေရတယ်။ ငွေများတရားနိုင်လိုဖြစ်နေတဲ့အတွက် အဖိုးက မှန်ရာကို ပြောပြတာပါ” လို့ မူလမြေပိုင်ရှင် ဦးဉာဏ်ကြည်က ပြောပါတယ်။
ဦးမန်အင်မှာ မိမိပိုင်မြေမှာ တောင်ယာစိုက်ပျိုးပြီး တောမီးရှို့စဉ် ရော်ဘာပင်တွေကို မီးဟပ်ခံထိတယ်ဆိုပြီး အနီးနားမှာ လာရောက်ဥယျာဉ်တည်ထားတဲ့ ဦးဇေယျလင်းက တရားစွဲခဲ့လို့ ထောင် ၉ လကျခံရတဲ့အပြင် အခုအထိငွေကြေးရလိုမှုတွေ၊ ပိုင်နက်ကျူးလွန်မှုတွေနဲ့ အကြိမ်ကြိမ်တရားစွဲနေသည်မှာ ၆ နှစ်ကျော်လာပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီဒီယာတွေက ဦးဇေယျာလင်းမိသားစုကို မေးမြန်းရာ ဖြေဆိုဖို့ငြင်းဆိုခဲ့ပါတယ်။
မြို့နယ်တရားရုံး တာဝန်ရှိသူတဦးက ထိုအမှုကို စစ်ဆေးနေဆဲဖြစ်လို့ အတိအကျအဖြေမပေးနိုင်သေးကြောင်း၊ ပိုင်နက်ကျူးလွန်မှုတွေ တစ်ကယ်ကျူးလွန်ပါက တရားစွဲခွင့်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဝန်မယ်ကျေးရွာမှာ ဖြစ်နေတဲ့ကိစ္စမှာ မတရားသဖြင့်ခံနေရတဲ့အတွက် မြေပြင်အခြေအနေတွေကို ကွင်းဆင်းပေးဖို့နဲ့ ငွေများတရားနိုင်ဖြစ်နေခြင်းအပေါ် ဒေသခံတွေက ပြောဆိုဝေဖန်မှုတွေ မြင့်တက်နေကြပါတယ်။

မြတ်ထွဋ် ( မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013