DVB Logo
Home
မြန်မာသတင်း
ရိုက်လုခံရသည့်ကိစ္စ သာမန်ရိုက်မှုဖြင့် အမှုဖွင့်ပေးတာမကျေနပ်၍ သတင်းစာရှင်းလင်း
DVB
·
January 29, 2019
ရိုက်လုခံရသည့်ကိစ္စ သာမန်ရိုက်မှုဖြင့် အမှုဖွင့်ပေးတာမကျေနပ်၍ သတင်းစာရှင်းလင်း
Donate to DVB

တိုက်ကြီးမြို့နယ်မှာ ငွေ ၁၀ သိန်းကျော် ရိုက်နှက်လုယက်ခံရမှုကို အမှုစစ်က သာမာန်ရိုက်မှုအဖြစ်သာ အမှုဖွင့်ပေးတဲ့အတွက် မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လှိုင်ကျေးရွာအုပ်စု၊ ရန်လုံးနိုင်ကျေးရွာမှာ ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်းက ဖိုးခါင်ရဲစခန်းအနီး ဆိုင်ကယ်တစီးကို အုပ်စုဖွဲ့ရိုက်နှက်ပြီး ငွေဆယ်သိန်းကျော် လုယက်ခံခဲ့ရတာပါ။

ရိုက်နှက်လုယက်ခံရသူရဲ့ ဇနီးဖြစ်သူ မခင်စန္ဒာလင်းက “ကျမတို့က ရန်ကုန်မှာ နေတာပါ။ ကျမအလုပ်ကိစ္စနဲ့ ရွာကို ခဏလာတုန်းကို လိုက်လာတာပါ။ ကျမယောက်ျား အရိုက်ခံရတယ်ကြားလို့ သွားကြည့်တော့ ကားလမ်းပေါ်က သွေးအိုင်ထဲ လဲနေတာတွေ့လို့ အကူအညီတောင်းပြီး တိုက်ကြီးဆေးရုံကို ပို့ခဲ့တယ်။ နောက်နေ့ ဖိုးခေါင်ရဲစခန်းမှာ အမှုသွားဖွင့်တော့ အမှုစစ်က ကျနော့်နယ်မြေမှာ လုယက်မှုမရှိတဲ့အတွက် လုယက်မှုနဲ့ ဖွင့်လို့မရဘူး၊ သာမန်ရန်ဖြစ်ပြီး ရိုက်မှုနဲ့အမှုဖွင့်မှရမှာဆိုပြီး သာမန်ရိုက်မှုနဲ့ အမှုဖွင့်ပေးတယ်။ တိုင်ချက်ထဲမှာ ကျမမပြောတဲ့စကားတွေပါ ရေးထားတယ်။ သေလုမြောပါးခံရတာကို သာမန် (မစိုးရိမ်ရ) ဆိုပြီး ရေးထားတယ်။ ကျမယောက်ျားကို ရန်ကုန်က အဒေါ်ကိုပေးဖို့ ပေးလိုက်တဲ့ငွေ ၁၀ သိန်း၊ သူသုံးဖို့က ငွေသုံးသောင်း၊ ဖုန်းတလုံးပါ အလုခံရတဲ့အထဲ ပါသွားတယ်။”

ဒီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ မြန်မာနိုင်ငံ ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေကို စာတင်ပြီး တိုင်ထားတယ်လို့ ပြောပါတယ်။

ရိုက်နှက်လုယက်ခံရတဲ့ထဲ ပါဝင်သူ ကိုထိန်းလင်းက "ကိုအောင်မျိုးကျော် ရန်ကုန်ပြန်ဖို့ တိုက်ကြီးကို ဆိုင်ကယ်နဲ့ လိုက်ပို့ပြီး မိုးမိလို့ ရန်ကုန်မပြန်ဖြစ်ဘဲ ရွာကိုပြန်လာတော့ ရွာထိပ်သဲကွင်းနားရောက်တော့ ကျနော့်မျက်နှာကို တုတ်နဲ့ ဖျတ်ရိုက်တာ ခံရတယ်။ ဆိုင်ကယ်မှောက်ပြီး အောက်ကိုကျသွားတဲ့အချိန် ကျနော်ကို လူသုံးယောက်လောက်က ဝိုင်းရိုက်လို့ ထွက်ပြေးခဲ့ရတယ်။ ဘာတွေဖြစ်ကုန်လဲမသိတော့ဘူး" လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ် ရဲတပ်မှူးရုံးကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်ရာ မြို့နယ်မှူးရဲမှူး ဦးဝင်းကိုက "ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အင်တာဗျူးဖြေခွင့်မရှိပါဘူး၊ အခုဖြစ်တဲ့ကိစ္စက ရွားသားအချင်းချင်း ကားလမ်းပေါ်မှာ ကားနဲ့ဆိုင်ကယ်လမ်း လုမောင်းရင်ဖြစ်တဲ့ကိစ္စပါ။ လုယက်မူမဟုတ်ပါဘူး။ ဒါကိုလုယက်မှုဆိုပြီး သက်သက်ဖွတာပါ" လို့ ပြေန်လည်ဖြေဆိုခဲ့ပါတယ်။

ရိုက်နှက်လုယက်ခံရတာကြောင့် ကိုအောင်မျိုးကျော်မှာ ဦးခေါင်းထိခိုက် ဒဏ်ရာတွေ၊ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဦးနှောက်နဲ့ အာရုံကြောဆေးရုံမှာ ဆေးကုသမှုခံနေပြီး အမှုကိုအမှန်အတိုင်းဖြစ်စေချင်တယ်လို့ ပြောပါတယ်။

သတင်း၊ဓာတ်ပုံ-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013