DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဝန်ကြီးချုပ်တာဝန်ပေးထားသည့်အဖွဲ့ဆိုပြီး လိမ်လည်သူများကို ဖမ်းဆီး
DVB
·
January 6, 2017
ဧရာဝတီတိုင်းဝန်ကြီးချုပ်တာဝန်ပေးထားသည့်အဖွဲ့ဆိုပြီး လိမ်လည်သူများကို ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေရဲ့ ကိုယ်စားအထူးကွန်ရက်အဖွဲ့ ဆိုပြီး အမှတ်တံဆိပ်အတု၊ လက်မှတ်အတုတွေ ပြုလုပ်လိမ်လည်နေတဲ့ အဖွဲ့ခေါင်းဆောင် ဦးဟန်လင်းနဲ့ အဖွဲ့ဝင် ၃ ဦးကို ဇန်နဝါရီ ၅ ရက်နေ့က ငပုတောမြို့နယ်၊ ကြာကန်ကျေးရွာ ဆိပ်ကမ်းမှာ ရဲက ဖမ်းဆီးလိုက်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ တာဝန်ပေးချက်အရဆိုပြီး သစ်ပုတ်ထိပ်ကျေးရွာနဲ့ ကျောက်တန်းကြီးကျေးရွာကို ဆက်သွယ်မယ့် သက္ကယ်သောင် မြစ်ကူးတံတားစီမံကိန်းအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ လက်မှတ်နဲ့ တည်ဆောက်မယ့်နေရာ ဓာတ်ပုံတွေ တောင်းခံဖို့ဆိုပြီး လိမ်လည်သူတွေရောက်ရှိ လာတာဖြစ်ပါတယ်။

၎င်းတို့နဲ့အတူ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကိုယ်စား အထူးကွန်ရက်အဖွဲ့ ခန့်အပ်ခြင်းအမှတ်တံဆိပ် ခေါင်းစဉ်ပါကတ် ၁ ခု၊ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေရဲ့ အထူးကွန်ရက်အဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးများရုံး ပုသိမ်မြို့ဆိုပြီး ဦးဟန်လင်းကို တာဝန်ပေးအပ်ကြောင်း စာတွေကို တွေ့ရှိခဲ့တာပါ။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကတော့ သူ့အနေနဲ့ ဘယ်အဖွဲ့ကိုမှ ဖွဲ့စည်းတာဝန်ပေးတာမရှိကြောင်းနဲ့ အခုလို စာရွက်အတု လက်မှတ်အတုတွေနဲ့ လိမ်လည်သူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

လိမ်လည်အတုပြုလုပ်ထားတဲ့ စာတမ်းအမှတ်အသားတွေကို သုံးစွဲဖို့အကြံနဲ့ လိမ်လည် အတုပြုလုပ်တဲ့ ဦးဟန်လင်း၊ မျိုးမင်းဦး၊ ဦးညွှန်ဝင်း၊ သန်းထွန်းပိုင်တို့လေးဦးကို ငပုတောမြို့ သုံးခွနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ တို့နဲ့ အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013