အလဲဗင်းမီဒီယာ စီအီးအိုနှင့် အယ်ဒီတာချုပ်တို့ကို ရုံးထုတ်
DVB
·
December 30, 2016

ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ အလဲဗင်း မီဒီယာ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်ကို ဒီကနေ့ မနက်က ရုံးထုတ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven မီဒီယာ ဂရုက CEO ဒေါတ်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ်ဝေဖြိုးတို့ကို ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတာပါ။
Eleven မီဒီယာဂရုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တောင်းပန်ခဲ့တဲ့အတွက် အခု ထုတ်တဲ့ရုံးချိန်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အမှုရုပ်သိမ်းပေးမယ်လို့ အသံတွေလည်း ထွက်ပေါ်နေပါတယ်။
သတင်း/ဓာတ်ပုံ - အောင်ဆန်းဦး