DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်က ဆန်ဝယ်မည့်အစီအစဉ် ဖိလစ်ပိုင်ဖျက်သိမ်း
DVB
·
December 28, 2016
မြန်မာပြည်က ဆန်ဝယ်မည့်အစီအစဉ် ဖိလစ်ပိုင်ဖျက်သိမ်း
Donate to DVB

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဆန် တန်ချိန် ၄သိန်း ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အရည် အသွေးနဲ့ ဈေးနှုန်းကွာဟမှုတွေကြောင့် ကမ်းလှမ်းမှုပျက်ပြယ်သွားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အရင်အစိုးရ လက်ထက်မှာ ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မြန်မာ့ ဆန်ထက်အရည် အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာတဲ့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတွေ ကနေ ပြောင်းလဲဝယ်ယူသွားတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အလုပ်မှုဆောင် အဖွဲ့ဝင် ဦးအောင်ဆန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၄ သန်းခန့် တင်ပို့နိုင်ခဲ့ပေ မယ့် ဒီနှစ်မှာ တော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မူဆယ်နယ်စပ် တရုတ်ဆန် တင်ပို့မှုကို ရပ်နားထားရတာကြောင့် လက်ရှိ အချိန်ထိ ပြည်ပကို ဆန်တန်ချိန် ၈ သိန်းခန့်သာ တင်ပို့နိုင်သေး တယ်လို့ သိရပါတယ်။
သတင်း - AIMA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013