
တရုတ်နိုင်ငံကို ဆန်တင်ပို့မှု လျော့ကျသွားတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ စပါးဈေးတွေ ဆက်လက် ကျဆင်း နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းက ပြောပါတယ်။
တရုတ်နိုင်ငံကို အရင်က နေ့စဉ် ပုံမှန် တန်ချိန် ၃၀၀၀ ကနေ ၅၀၀၀ ကြားတင်ပို့ နေရာကနေ လက်ရှိတင်ပို့တာက တန်ချိန် ၂၀၀၀ ကနေ ၂၅၀၀ ထိလျော့နည်းသွားတဲ့အတွက် အခုလို စပါးဈေးကျဆင်းသွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။
အခုကာလဟာ စပါးသစ်ပေါ်ချိန်လည်းဖြစ်တာကြောင့် စပါးဈေးအကျနဲ့ ပဲရောင်းချနေရပြီး ၂၅ မှတ်တန် ဧည့်ထမစပါး တင်း တစ်ရာကို လေးသိန်းခွဲပေါက်ဈေးရှိနေပါတယ်။










