DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို အလဲဗင်းမီဒီယာ တောင်းပန်
DVB
·
December 27, 2016
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို အလဲဗင်းမီဒီယာ တောင်းပန်
Donate to DVB

အလဲဗင်းသတင်းစာမှာ ဖော်ပြခဲ့တဲ့ ရွေးကောက်ပွဲတစ်နှစ်ကြာသော် အယ်ဒီတာအာဘော်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို အလဲဗင်းမီဒီယာအုပ်စုက တောင်းပန်လိုက်ပါတယ်။

အယ်ဒီတာ့အာဘော်မှာ ကိုးကားဖော်ပြခဲ့တဲ့ အချက်အလက်အချို့ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး မဟုတ်မမှန် အခြေအမြစ်မရှိ ဖော်ပြထားတဲ့ လွဲမှားတဲ့ အချက်အလက်တွေဖြစ်နေလို့ များစွာဝမ်းနည်းမိတယ်လို့ ဒီကနေ့ထုတ် ဒေးလီးအလဲဗင်း သတင်းစာမှာ ရေးသားဖော်ပြပါတယ်။

အယ်ဒီတာ့အာဘော်ကို ဒေးလီးအလဲဗင်းသတင်းစာ၊ ဖေ့စ်ဘွတ်ခ်အပြင် စင်ကာပူထုတ် စထရိတ်တိုင်းမ် သတင်းစာမှာပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့လို့ အဓိပ္ပာယ်ကောက် လွဲမှားစေနိုင်တဲ့အတွက် များစွာစိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ်တဦး ဒေါ်လာ ၁ သိန်းလောက်တန်တဲ့ Patek Phillipe နာရီ စီးပွားရေးသမားထံက လက်ဆောင်ယူခဲ့တယ်ဆိုပြီး ရေးသားခဲ့တဲ့အတွက် အလဲဗင်းမီဒီယာအုပ်စုရဲ့ စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ အလဲဗင်းသတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးပြီး တရားစွဲဆိုခံနေရတာပါ။

အဆိုပါနာရီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ Patek Phillipe နာရီ ဝတ်ဆင်တယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ဝန်ကြီးချုပ်မဖြစ်ခင်ကတည်းက ရိုးလက်စ်နာရီသာ ပတ်ထားတာဖြစ်တယ်လို့ သတင်းစာရှင်းလင်း ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013