
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် နောက်ခံလူ ရာအူးလ် အာဆန်စီယိုဟာ သတ်မှတ်ထားတဲ့ အရက်ပမာဏထက် ၄ ဆနီးပါး သောက်သုံးပြီး ကားမောင်းခဲ့တာကြောင့် ၈ လ ကားမောင်းခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။
ဒါ့အပြင် ဒဏ်ငွေ ပေါင် ၁၂,၃၅၀ အထိလည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူဟာ ဩဂုတ် ၁၆ ရက် မနက်ပိုင်းက ပေါရှဲကားကို အရက်မူးပြီး မောင်းနှင်စဉ် ရဲတပ်ဖွဲရဲ့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး စပိန်တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တာပါ။
အာဆန်စီယိုဟာ အရွယ်မရောက်သေးသူ ပါဝင်တဲ့ သီးသန့်ဗီဒီယိုဖိုင်တခုကို သဘောတူညီချက် မပါဘဲ မျှဝေခဲ့မှုနဲ့လည်း တရားစွဲဆိုခံထားရပါတယ်။











