DVB Logo
Home
မြန်မာသတင်း
အလဲဗင်းမီဒီယာ တာဝန်ရှိသူများကို တာမွေရဲစခန်း ဆင့်ခေါ်
DVB
·
November 10, 2016
အလဲဗင်းမီဒီယာ တာဝန်ရှိသူများကို တာမွေရဲစခန်း ဆင့်ခေါ်
Donate to DVB

အလဲဗင်းမီဒီယာအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အလဲဗင်း သတင်းစာအယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို တာမွေရဲစခန်းက လာရောက်ဖို့ ဆင့်ခေါ်လိုက်ပါတယ်။

ဝန်ကြီးချုပ်တဦး ဒေါ်လာ ၁ သိန်းတန်နာရီ စီးပွားရေးသမားထံက လက်ဆောင်ယူခဲ့တယ်ဆိုပြီး ရေးသားခဲ့တဲ့အတွက် အလဲဗင်းမီဒီယာကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်လိုက်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုပြီးနောက်မှာ ရဲစခန်းက ခုလို ဆင့်ခေါ်စာပေးပို့လိုက်တာ ဖြစ်ပါတယ်။

မနေ့ည ၉ နာရီကျော်လောက်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်းလမ်းမှာရှိတဲ့ အလဲဗင်းမီဒီယာရုံးချုပ်ကို တာမွေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်မေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနာရီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မိမိအနေနဲ့ ဒေါ်လာ ၁ သိန်းလောက်တန်တဲ့ Patek Phillipe နာရီ ဝတ်ဆင်ထားတယ်ဆိုတာ မဟုတ်ဘဲ မိမိပတ်ထားတဲ့နာရီဟာ ရိုးလက်စ်နာရီသာဖြစ်ကြောင်းနဲ့ အဆိုပါနာရီကို ဝန်ကြီးချုပ်မဖြစ်မီ အချိန်ကတည်းက ပတ်ထားတာဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013