
မန်စီးတီးအသင်းမှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အခုရာသီကုန်မှာ ထွက်ခွာတော့မဲ့ အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားနဲ့ နောက်ခံလူ ဂျွန်စတုန်းစ်တို့အတွက် နှုတ်ဆက်ပွဲကို မန်ချက်စတာမြို့ရှိ လူးဝစ်စ်ညကလပ်မှာ ကျင်းပခဲ့ပါတယ်။
ဒီပွဲကို ဖိုဒန်၊ ဟာလန်း၊ ရိုဒရီတို့အပြင် အသင်းသားဟောင်း ကိုင်လ်ဝေါ်ကာလည်း တက်ရောက် ခဲ့ကြပြီး ပွဲက ည ၁ နာရီခွဲလောက်အထိ ကြာမြင့်ခဲ့ ပါတယ်။
ဘာနာဒိုဆေးလ်ဗားက အတော်လေး မူးယစ်နေခဲ့တဲ့တာကြောင့် အသင်းဖော် ရူဘင်ဒီယက်စ်က ကားနဲ့ အိမ်အရောက် ပိုဆောင်ပေးခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။
မန်စီးတီးဟာ လက်ရှိမှာ အာဆင်နယ်ကို ၅ မှတ်အကွာနဲ့ ဖိအားပေးခံနေရပေမဲ့ အသင်းအတွက် ဆုဖလား ၁၈ လုံးအထိ ရယူပေးခဲ့တဲ့ ဝါရင့်ကစားသမားတွေကို ဂုဏ်ပြုဖို့အတွက် အခုလို စုဝေးခဲ့ ကြတာ ဖြစ်ပါတယ်။
Photo:Reuters










