မန်ချက်စတာစီးတီးအသင်းကို ဆယ်စုနှစ်တခုကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ပက်ဂွါဒီယိုလာဟာ အက်စတွန်ဗီလာနဲ့ပွဲအပြီးမှာ အသင်းနဲ့အတူ နောက်ဆုံးနှုတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးနဲ့အတူ ဆွတ်ခူးခဲ့တဲ့ ဆုဖလား ၂၀ စလုံးကို ခင်းကျင်းပြသခဲ့ပြီး ထောင်ပေါင်းများစွာသော ပရိသတ်တွေကလည်း လမ်းမတွေပေါ်အထိ ထွက်ကာ သူတို့ရဲ့ ဂန္ထဝင်နည်းပြကြီးကို ဝမ်းနည်းတုန်လှုပ်စွာနဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။
ဒီနှုတ်ဆက်ပွဲမှာ ကွန်ပနီ၊ ဂရီးလစ်ရှ်တို့လို စံပြကစားသမားတွေ တက်ရောက်ခဲ့ပြီး မိုက်ကယ်ဂျော်ဒန်ကလည်း ဂုဏ်ပြုစကားပါးခဲ့ပါတယ်။
ဂွါဒီယိုလာကတော့ "Wonderwall" သီချင်းကို သီဆိုနှုတ်ဆက်ခဲ့ပြီး သူ့နေရာကို အစားထိုးဖို့ မန်စီးတီးကတော့ အန်ဇိုမာရက်စ်ကာကို ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။










