DVB Logo
Home
မြန်မာသတင်း
RCSS/SSA ၏ မူးယစ်ဆေးဖြတ်စခန်းက ခေါ်ဆောင်လာသူများကို တပ်မတော်မှ အုပ်ချုပ်ရေးထံ လွှဲပြောင်း
DVB
·
October 8, 2016
RCSS/SSA ၏ မူးယစ်ဆေးဖြတ်စခန်းက ခေါ်ဆောင်လာသူများကို တပ်မတော်မှ အုပ်ချုပ်ရေးထံ လွှဲပြောင်း
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ ဘန်ပွဲရွာအနီးမှာ ယာယီ တည်ဆောက်ထားတဲ့ RCSS/SSA ရဲ့ မူးယစ်ဆေးဖြတ်ထောင်ကို အခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က မြန်မာ့တပ်မတော်က ၀င်ရောက်စီးနင်းပြီး အချုပ်သားတွေနဲ့ ထမင်းချက်ဖြစ်သူတွေကို ခေါ်ဆောင်သွားခဲ့ပါတယ်။

မြန်မာ့တပ်မတော်က ဖမ်းခေါ်ဆောင်သွားခဲ့သူတွေထဲက ၂၅ ဦးကို အောက်တိုဘာလ ၇ ရက်နေ့က နေ့လည်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သီပေါမြို့နယ်၊ နမ့်လန်နယ်မြေ ရဲစခန်းမှူးက ဒီဗွီဘီကိုပြောပါတယ်။
“အောက်တိုဘာလ ၇ ရက်နေ့ နေ့လည်ကပေါ့နော်။ မိုင်းကိုင်မြို့နယ်၊ တုံလောအုပ်စု၊ ဘန်ပွဲရွာဖြစ်စဉ်က ခေါ်ဆောင်လာသူ ၂၅ ဦးကို မြန်မာတပ်မတော်က သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး လွှဲပြောင်းပေးခဲ့တာပါ။ အားလုံး ကျား(၁၉)ဦး မ(၆) ဦး ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်”လို့ နမ့်လန်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ရဲတေဇမှ ပြောပါတယ်။

လွှဲပြောင်းအပ်နှံဆောင်ရွက်ခြင်းကို သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လွှတ်ပေးလိုက်သူ တွေကိုလဲ လမ်းစားရိတ်ထောက်ပံ့ပေးခဲ့ပါတယ်။ အဲ့ဒီလို့ မြန်မာတပ်မတော်က ဘန်ပွဲရွာဖြစ်စဉ်က ခေါ်ဆောက်လာသူ ၂၅ ဦးကို ပြန်လွှတ်ပေးလိုက် ပေမယ့် မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာသား ၂ ဦးကတော့ နေရပ်ကို ပြန်ရောက် မလာသေးဘူးလို့ တုံလော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

“ကျနော်ရွာက ရွာသား ၂ ဦးကတော့ ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာ ပါမလာသေးဘူး။ လွှတ်လိုက်တဲ့ ၂၅ ယောက်ကိုသွား ကြည့်တော့လည်း သူတို့ ၂ ယောက်ကို မတွေ့ဘူး။ သူတို့ ၂ ယောက်က အချုပ်သားတွေကို ထမင်းချက်ကျွေးတဲ့သူတွေဖြစ်ပါတယ်။ ဖြစ်နိုင်ရင်သူတို့ ၂ ယောက်ကို အမြန်ဆုံပြန်လွှတ်ပေးစေချင်ပါတယ်။ သူတို့မိသားစုတွေလည်း စိတ်ပူနေကြပါတယ်” လို့ တုံလောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး က ပြောပါတယ်။

မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ ဘန်ပွဲကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာ့ တပ်မတော်နဲ့ RCSS/SSA ရှမ်းပြည်တပ်မတော်တို့ မနေ့က ညပိုင်းအချိန်ထိ တွေ့မှုတွေ ဖြစ်နေတာကြောင့် တုံလောကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေဟာ နေရပ်ပြန် နိုင်ဖို့ အခက်တွေ့နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013