DVB Logo
Home
မြန်မာသတင်း
ရှမ်းလူထုအသိုင်းအ၀ိုင်းအကြားညီညွတ်ရေးအတွက် ဖိုရမ်ကျင်းပ
DVB
·
October 5, 2016
ရှမ်းလူထုအသိုင်းအ၀ိုင်းအကြားညီညွတ်ရေးအတွက် ဖိုရမ်ကျင်းပ
Donate to DVB

 

ရှမ်းမျိုးနွယ်စုများအကြား စည်းလုံးညီညွတ်ရေး၊ တမျိုးသားလုံးဆိုင်ရာ ပြဿ  နာအခက်အခဲတွေ အတူတကွဖြေရှင်းရေးအတွက် ဖိုရမ်တစ်ရပ်ကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။

ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့၊ သံဃာတော်နဲ့ လူမှုအခြေပြုအဖွဲ့ပေါင်း ၃၀ ကျော်က ကိုယ်စားလှယ်တွေဟာ လားရှိုးမြို့ ရှမ်းစာပေယဉ်ကျေးမှုအသင်းတိုက်မှာ အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ ၃ ရက်တာ တွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပါတယ်။

ရှမ်းလူမှုအခြေပြုအဖွဲ့တွေကြားမှာ ယခင်ကလည်း တွေ့ဆုံဆွေးနွေးမှု  ၂ ကြိမ်ရှိခဲ့ဖူးပြီး ရှေ့ဆက် အတူပူးတွဲဆောင်ရွက်ရေး ပိုမိုစနစ်ကျတဲ့ မူဘောင်တွေ ချမှတ်နိုင်ဖို့  ဒီဖိုရမ်ကို ကျင်းပရတာလို့ ပွဲဖြစ်မြောက်ရေးကော်မတီ စိုင်းဖုန်းခေါင်က ပြောပါတယ်။

“ကျနော်တို့ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းအချင်းချင်းကြား စည်းလုံးရေး၊ အမျိုးသားရေး၊ လူမှုရေး ကူညီရေး ကိစ္စတွေ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အရင်ကလည်း ဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီးပြီ၊ ဒီတခေါက်တော့ ပိုပြီးစနစ်တကျဆောင်ရွက်နိုင်ဖို့ မူဘောင်တွေရေးဆွဲဖို့ ဖြစ်ပါတယ်။ ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ ပိုပြီးထိထိရောက်ရောက် ကူညီဖြေရှင်းရေး၊ ဖွံ့ဖြိုးရေး ကိစ္စတွေ  ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့  နည်းလမ်းရှာမယ်၊  ပြီးတော့ လူမှု အခြေပြုအဖွဲ့က လုပ်နေတဲ့ အလုပ်နဲ့ အမျိုးသားရေးလုပ်ငန်း ဘယ်လိုဆက်နွယ်ပတ်သက်နေ သလဲ။ လူမှုရေးလုပ်ငန်းနဲ့ အမျိုးသားရေးတာဝန်က ဘာလဲဆိုတာတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲမှာ သက်ဆိုင်ရာ သံဃာအဖွဲ့အစည်း ခေါင်းဆောင်၊  အမျိုးသားခေါင်းဆောင်တွေရဲ့ သြ၀ါဒကို ခံယူပြီး  နယ်မြေအသီးသီးရဲ့ ပြဿ     နာအခက်အခဲတွေ၊ အတွေ့အကြုံတွေ ဖလှယ်ပြီး  ပြဿ နာကို ၀ိုင်းဝန်းအဖြေရှာဖို့၊ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့ကလည်း နယ်ပယ်အသီးသီးက ပြည်သူတွေရဲ့အခက်အခဲကို သိရှိသွားဖို့၊  လူမှုအခြေပြုအဖွဲ့အနေနဲ့ အမျိုးသားရေး နိုင်ငံရေးကိစ္စ ဆုံးဖြတ်ချက်ချတဲ့ထဲမှာ ပါဝင်နိုင်ရေးကိစ္စတွေပါ ဆွေးနွေးမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲပြီးသွားရင်တော့ အားလုံးသဘောတူတဲ့ ပေါ်လစီ၊ မူဘောင်တခု ထွက်ပေါ်လာကာ အဲဒီမူဘောင်အတိုင်း ရှေ့ဆက်အမျိုးသားရေး၊  လူမှုရေးလုပ်ငန်းတွေဆောင်ရွက်သွားနိုင်မယ်လို့ ဆိုပါတယ်။

ရှမ်းအဖွဲအစည်းတွေကြား စည်းစည်းလုံးလုံးနဲ့ ပြဿ နာကို ငြိမ်းချမ်းစွာ၊ ကျွမ်းကျင်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ရင် ပြည်နယ်တွင်းရှိ အခြားတိုင်းရင်းသားတွေနဲ့ ညီညွတ်စွာပေါင်းစည်းနေ နိုင်ရေး၊  ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက်ပါ အထောက်အကူပြုနိုင်မယ်လို့  စိုင်းဖုန်းခေါင်က ပြော သွားပါ တယ်။

ဒီဆွေးနွေးပွဲကို ကော်တိုင်း (ရှမ်းလူငယ်မြှင့်တင်ရေးကျောင်း)၊ ရှမ်းလူငယ်ကွန်ရက်အဖွဲ့၊ ခမ်းကူ စင်တာ (မိဘမဲ့ကလေးစောင့်ရှောက်ရေးနဲ့ ပညာရေးမြှင့်တင်ရေး) အပါအ၀င် အခြားလူမှု အခြေပြု အဖွဲ့တွေပါ ပူးပေါင်းကျင်းပကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013