DVB Logo
Home
မြန်မာသတင်း
အစိုးရ၊ တပ်နှင့် တိုင်းရင်းသားတပ်ဖွဲ့ကိုယ်စားလှယ်များ တောင်အာဖရိကငြိမ်းချမ်းရေး လေ့လာရန် ခရီးစဉ်စတင်
DVB
·
October 1, 2016
အစိုးရ၊ တပ်နှင့် တိုင်းရင်းသားတပ်ဖွဲ့ကိုယ်စားလှယ်များ တောင်အာဖရိကငြိမ်းချမ်းရေး လေ့လာရန် ခရီးစဉ်စတင်
Donate to DVB

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့ဟာ တောင်အာဖရိကနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလေ့လာဖို့ ၁၀ ရက်ကြာ ခရီးကို အောက်တိုဘာ ၁ ရက် ဒီနေ့ပဲ စတင်လိုက်ပါတယ်။

အစိုးရနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့တပ်ဖွဲ့များ၊လက်မှတ် မထိုးထားတဲ့တပ်ဖွဲ့များအပြင် ၀ နဲ့ မိုင်းလားတပ်ဖွဲ့ ကိုယ်စားလှယ်များပါ ပါဝင်တဲ့ တောင်အာဖရိကခရီးဖြစ်တာကြောင့် စုဖွဲ့မှုထူးခြားတဲ့ ခရီး ဖြစ်တယ်လို့ ခရီးစဉ်မှာ ပါဝင်တဲ့ ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“သွားတဲ့ ကိုယ်စားလှယ်အဖွဲ့ကိုယ်တိုင်ကိုက ညီညွတ်ရေးအခြေခံရှိတယ်လို့ ပြောနိုင်တယ်။ ပစ်မှတ်ထားတာကတော့ တောင်အာဖရိကရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ပြန်လည်ထူထောင်တဲ့ဟာကို လေ့လာတဲ့ခရီးပေါ့။ သွားလေ့လာမယ့် အစုအဖွဲ့ကိုက တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်ရမယ့် အင်အားစုတွေရဲ့ ကိုယ်စားပြုမှုကို တွေ့ရတယ်။ အဲဒီတွေ့ရမှုက ခရီးစဉ် မစတင်မီကတည်းက တွေ့ရတဲ့ အောင်မြင်မှုလို့ ပြောရမှာပေါ့ဗျာ”

အစိုးရ ကိုယ်စားလှယ် ၄ ဦး၊ တပ်မတော်ကိုယ်စားလှယ် ၄ ဦး၊ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့ကိုယ်စားလှယ် ၄ ဦး၊ လက်မှတ်မထိုး ထားသေးတဲ့ တပ်ဖွဲ့ကိုယ်စားလှယ် ၄ ဦးနဲ့ ၀နဲ့ မိုင်းလားတပ်ဖွဲ့ ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၁၈ ဦး ပါဝင်တဲ့ အဖွဲ့ သွားရောက်မှာ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားမှုကို အဆုံးသတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ခဲ့နိုင်မှုကို အထူးပြု လေ့လာကြမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန် ဆုံးဖြတ်ထားကြပြီး တပ်မတော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်နိုင်ငံတည်ထောင်ဖို့ အဆိုပြုထားတဲ့ အနေအထား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013