နယူးကာဆယ်အသင်းဟာ တောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်အတွက် ဘာစီလိုနာအသင်းရဲ့ ပေါင် သန်း ၇၀ တန် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ကစားသမားဖြစ်သူဟာ ကတ်တလန်မြေမှာ ဆေးစစ်မှုခံယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမားကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ကလည်း စိတ်ဝင်စားခဲ့ကြပေမဲ့ ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုက တနင်္လာနေ့မှာပဲ အေးဂျင့်နဲ့ အလျှင်အမြန် တွေ့ဆုံဆွေးနွေးကာ အပြောင်းအရွှေ့ကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂေါ်ဒွန်ဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အတွက် ၁၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမဲ့ အပြောင်းအရွှေ့သတင်းတွေကြောင့် ရာသီပိတ်ခါနီး ပွဲစဉ်တချို့မှာ ချန်လှပ်ခံခဲ့ရပါတယ်။
နယူးကာဆယ်ဘက်ကလည်း ဂေါ်ဒွန် နေရာမှာ အစားထိုးဖို့ လိုင်လီတိုက်စစ်မှူး ဖာနန်ဒက်ဇ်-ပါဒိုကို မျက်စိကျနေပြီး ဂေါ်ဒွန်ရဲ့ အသင်းဟောင်းဖြစ်တဲ့ အဲဗာတန်အသင်းကလည်း ဒီအပြောင်းအရွှေ့ အမြတ်ငွေထဲက ၁၅ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ်။










