DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဖီအာနန် ယနေ့ တွေ့ဆုံဆွေးနွေးမည်
DVB
·
September 5, 2016
ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဖီအာနန် ယနေ့ တွေ့ဆုံဆွေးနွေးမည်
Donate to DVB

မြန်မာနိုင်ငံကို စက်တင်ဘာ ၄ ရက်က ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်လ်ဆုရှင် ကိုဖီအာနန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ နိုင်ငံခြားရေးရုံးက အတည်ပြု ပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စောတင့်က ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးနေရာမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ရခိုင်အမျိုးသားပါတီ အပါအဝင် ရခိုင်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်နေပါတယ်။

မစ္စတာ ကိုဖီအာနန်ကတော့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ဖို့ အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကို ကူညီပံ့ပိုးပေးရတာ အားရကျေနပ်မိတဲ့အကြောင်းနဲ့ ရခိုင်ခေါင်းဆောင်တွေနဲ့ ရခိုင်ပြည်သူတွေ ပြောတာကို နားထောင်ပြီး အားလုံးအတွက် ပိုမိုလုံခြုံချမ်းသာတဲ့ အနာဂတ်ဖြစ်စေဖို့ ပြည်နယ်အစိုးရနဲ့ရော ဗဟိုအစိုးရနဲ့ပါ အတူတကွ လုပ်ကိုင် ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013