DVB Logo
Home
မြန်မာသတင်း
ပန်းချီဆရာ ၀င်းတင့်၏ သမိုင်းဝင် စေတီပုထိုးများအလှ ပန်းချီပြပွဲ
DVB
·
September 1, 2016
ပန်းချီဆရာ ၀င်းတင့်၏ သမိုင်းဝင် စေတီပုထိုးများအလှ ပန်းချီပြပွဲ
1 / 4
Donate to DVB

ပန်းချီဆရာ ၀င်းတင့်ရဲ့ Beauty of Monument (သမိုင်းဝင် စေတီပုထိုးများရဲ့အလှ)   တကိုယ်တော်ပန်းချီပြပွဲကို ပန်းဆိုးတန်း လမ်း အမှတ် ၆၂၊ ပထမ ထပ်မှာ စက်တင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီပန်းချီပြပွဲမှာ နှစ်ပေါင်း ၈၀၀ ကျော်သက်တန်းရှိ ပုဂံဘုရား စေတီပုထိုးပုံ  အက်ခရစ်လစ် ပန်းချီကားကြီးတွေကို ပြသမှာဖြစ်ပါတယ်။ ၏

ပုဂံ ဘုရား ပုထိုးတွေဟာ ၁၉၇၅ မှာ တကြိမ်၊ ၂၀၁၆ သြဂုတ်လ မှာ တကြိမ် ပြင်းထန်တဲ့ ငလျှင်ဒဏ်ကို ခံခဲ့ရတဲ့ မြန်မာအမျိုးသား သမိုင်းအမွေ အနှစ်တွေ  ဖြစ်ပါတယ်။

အရင်စစ်အစိုးရ လက်ထက်မှာ စည်းကမ်းမဲ့ ပြုပြင်ခဲ့တာကြောင့် သမိုင်းဝင်ရှေးဟောင်းလက်ရာ အမြောက်အမြား ပျက်စီးခဲ့ရပါတယ်။

ပန်းချီဝင်းတင့်ဟာ ပျဉ်းမနားဇာတိ ဖြစ်ပြီး ရန်ကုန် အနုပညာ ကျောင်းဆင်းတဦးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် မြန်မာခေတ်ပြိုင် အနုပညာဆုကို ရရှိခဲ့တဲ့ လောကနတ် ပန်းချီအဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။

သူ့ပန်းချီကားတွေကို မြန်မာအမျိုးသားပြတိုက်၊ မိုစံ ပြတိုက် ( Mosan Art Museum)၊ ရီပတ်ပလစ် ကိုရီးယား ပြတိုက် ( Republic of Korea ) တွေမှာ ဆုဆောင်း ပြသထားပါတယ်။

ဒီပြပွဲဟာ ပန်းချီဝင်းတင့်ရဲ့ ပဉ္စမမြောက် တကိုယ်တော် ပြပွဲလည်းဖြစ်ပါတယ်။

ဇေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013