DVB Logo
Home
နိုင်ငံတကာ
Memory ကတ် ဈေးတက်သဖြင့် MacBooks, iPads များ ဈေးတက်
DVB
·
June 26, 2026
Photo: Apple
Photo: Apple
Donate to DVB

Memory ကတ်ဈေးနှုန်းတွေ တဟုန်ထိုးတက်လာမှုကြောင့် Macbook, iPads ဈေးနှုန်းတွေ တက်မယ်လို့ Apple က ဇွန် ၂၅ ရက်မှာ ကြေညာပါတယ်။

AI ဒေတာစင်တာတွေ တည်ဆောက်မှု များလာတာနဲ့အမျှ Memory အသုံးပြုမှုနှုန်းများလာပြီး Macbook, iPads ဈေးနှုန်းတက်တာလို့ ရိုက်တာက ဖော်ပြပါတယ်။

Apple ရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ iPhone ရဲ့ ဈေးနှုန်းကိုတော့ မထိခိုက်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ Apple ထုတ်ကုန်တွေထဲမှာ ဈေးအနည်းဆုံးဖြစ်ပြီး Window နဲ့ Chrome လက်ပ်တော့ပ်တွေရဲ့ ဈေးကွက်ကို ယူနိုင်ခဲ့တဲ့ Neo လက်ပ်တော့ပ်ရဲ့ ဈေးနှုန်းက ၅၉၉ ဒေါ်လာကနေ ၆၉၉ ဒေါ်လာအထိ မြင့်တက်လာပါတယ်။

Memory ကတ်တွေ ပြုလုပ်တဲ့ Micron ဟာ လျှပ်စစ်ထုတ်ကုန်တွေထက် AI ချစ်ပ်ပြားတွေကိုပဲ Nvidia အတွက် ဦးစားပေးထုတ်လုပ်ပေးလာတာကလည်း လျှပ်စစ်ထုတ်ကုန်တွေ ဈေးနှုန်းတက်လာရခြင်းရဲ့ အကြောင်းတခုပဲ ဖြစ်ပါတယ်။

“ပါဝင်ပစ္စည်းတွေရဲ့ ဈေးနှုန်း အခုလို တက်လာတာမျိုး ကျနော်တို့ လုံးဝ မမြင်ဖူးပါဘူး။ ဈေးတွေ အရမ်းတက်နေပေမဲ့ ကျနော်တို့ ဖောက်သည်တွေကို ကာကွယ်ပေးခဲ့ပါတယ်။ အခုအချိန်က နောက်ဆုံးအမှတ်ကို ကျော်လွန်သွားတာကြောင့် iPad and Mac တို့လို ထုတ်ကုန်တချို့ရဲ့ ဈေးနှုန်းတွေ တက်ခဲ့ရတာပါ” လို့ Apple ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Apple ဟာ တခြားပစ္စည်းတွေဖြစ်တဲ့ HomePod Smart speaker၊ Apple TV တို့ကိုလည်း ဈေးတက်ခဲ့တာ တွေ့ရပါတယ်။

Apple ရဲ့ ရှယ်ယာဈေးနှုန်း‌တွေလည်း ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013