
Disney+ ဟာ အမျိုးသားချန်ပီယံလိဂ်ပွဲစဉ်တွေကို ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် ရရှိခဲ့ပြီး ဒါဟာ ရုပ်သံလိုင်းတွေကနေ Streaming ပလက်ဖောင်းတွေဆီ ပြောင်းလဲလာတဲ့ မှတ်တိုင်တခု ဖြစ်လာပါတယ်။
အဆိုပါ သဘောတူညီချက်အရ Disney ဟာ ၂၀၂၇-၂၈ ရာသီကစပြီး ဆွီဒင်၊ ဒိန်းမတ်နဲ့ လက်တင်အမေရိကနိုင်ငံတွေမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပွဲစဉ်တွေကို ပြသသွားမှာ ဖြစ်ပါတယ်။
Disney+ ဟာ အမျိုးသမီးချန်ပီယံလိဂ် ပြသခွင့်ကိုလည်း ၂၀၃၀ အထိ ရရှိထားပြီးဖြစ်ကာ UEFA ရဲ့ တနှစ်တာ ရုပ်သံမူပိုင်ခွင့်ဝင်ငွေဟာ ယူရို ၅ ဘီလီယံကျော်အထိ ရှိလာဖို့ မျှော်မှန်းထားပါတယ်။
လက်ရှိမှာ Paramount+ နဲ့ Amazon တို့လို Streaming ဝန်ဆောင်မှုတွေကလည်း ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေကို ရရှိဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး ပရိသတ်တွေအနေနဲ့ သမားရိုးကျ ရုပ်သံလိုင်းတွေထက် Streaming စနစ်ကို ပိုမိုအသုံးပြုလာရတော့မှာ ဖြစ်ပါတယ်။










