ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းနှုန်းအမြင့်ဆုံးမှတ်တမ်းသစ်တင်
DVB
·
October 22, 2026

၂၀၂၄-၂၅ ရာသီက စတင်တဲ့ ချန်ပီယံလိဂ်ပုံစံသစ်မှာ ပွဲစဉ်တိုင်း ဂိုးသွင်းနှုန်း မြင့်တက်လာပါတယ်။ လက်ရှိအချိန်ထိ ပွဲစဉ်တပွဲ ပျမ်းမျှ ၄ ဒသမ ၁၆ ဂိုးအထိ ရှိလာတာကြောင့် ပြိုင်ပွဲသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ရာသီအဖြစ် မှတ်တမ်းဝင်သွားတာပါ။
ဒီပြိုင်ပွဲပုံစံသစ်ဟာ အသင်းတွေကို ပိုမိုတိုက်စစ်ဖွင့်ကစားဖို့ အားပေးသလို ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အသင်းတွေ ဂိုးသွင်းနှုန်း မြင့်မားနေတာဟာ ပရိသတ်တွေအတွက် ဖျော်ဖြေမှုအပြည့်ပေးနိုင်ပေမဲ့ အသင်းတွေရဲ့ ရလဒ်အပေါ် ဖိအားနည်းပါးသွားတာကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။











